ကျွန်မကတော့ လက်စားချေရတာကို မနှစ်သက်ဘူး

ကိုယ့်အလှည့်သူ့အလှည့်တဲ့ မဟုတ်ဘူး ကျွန်မကတော့ လက်စားချေရတာကို မနှစ်သက်ဘူး သူ့အလှည့်မှာ ကိုယ့်အပေါ် ကြိုက်သလောက် မကောင်းတာတွေလုပ်ပါကျွန်မ ၀ဋ်ကြွေးဆပ်နေတာဆိုပြီး ဖြေလိုက်လို့ရတယ်

ကိုယ့်ဘက်ကတော့ အကောင်းဆုံးသော အရာတွေပဲပေးမယ် မေတ္တာမပျက်ပဲ စေတနာမပျက်ပဲ ဖြူဖြူစင်စင်လေးပေါ့အချိန်တန်ရင် ကံကြမ္မာက စီရင်ပါလိမ့်မယ် ကိုယ့်ဘက်က ဘာကျိန်စာမှမလိုအပ်ဘူး

ဘာကျွန်စာမှလဲ မတိုက်ရက်ပါဘူး ကိုယ့်အပေါ်လုပ်ရက်တဲ့သူက လုပ်ရက်ပေမယ့်ကိုယ့်လိုနာကျင်ရတာမျိုး ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူးလေ ပြီးတော့ ကျွန်မ လို ခံနိုင်ရည်မရှိမှာလဲစိုးတယ် ဒါ အဖြူစင်ဆုံးသော စကားပါ ဘာလုပ်ဇာတ်မှ မပါဘူး

ကိုယ့်လို မနာကျင်ပါစေနဲ့ ဆိုတဲ့ဆု . . . ၀ဋ်မလည်ပါစေနဲ့ဆိုတဲ့ဆုတွေတော့ သတိရတဲ့အခါတိုင်းတောင်းဖြစ်တယ် တချို့ဒဏ်ရာတွေက အချိန်ကြာသွားလဲ မပျောက်မပျက်ရှိနေတတ်တာလေ စိတ်မှာလာထင်တဲ့ ဒဏ်ရာတွေပေါ့ ဘာပဲဖြစ်ဖြစ် ၀ဋ်ကြွေးပါလို့သာ ဆပ်နေရတယ်လို့ တွေးပါတယ်

ကိုယ်ကောင်းသလို ကိုယ့်အပေါ်မကောင်းလို့လဲ တစ်ချက်ချက် ၀မ်းနည်းတာကလွဲလို့ ဘာအမျက်ဒေါသမှ မထွက်တော့ပါဘူး ၀ဋ်ကြွေးကို ရှောင်ပြေးဖို့လဲ ထပ်ပြီး မကြိုးစားတော့သလိုနောက်ထပ် ၀ဋ်ကြွေးတွေလဲ ထပ်မသယ်သွားချင်တော့ဘူးလေ

ကိုယ့်အလှည့် သူ့အလှည့်တဲ့ ကျွန်မတော့ လက်စားချေရတာ မနှစ်သက်ဘူး သူ့အလှည့်မှာတော့ ကိုယ့်အပေါ် မကောင်းတာတွေ လုပ်ချင်လုပ်ပါ ကိုယ့်အလှည့်ကျရင်တော့ ကံကြမ္မာသာ စီရင်ပါစေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္အလွည့္သူ႔အလွည့္တဲ့ မဟုတ္ဘူး ကြၽန္မကေတာ့ လက္စားေခ်ရတာကို မႏွစ္သက္ဘူး သူ႔အလွည့္မွာ ကိုယ့္အေပၚ ႀကိဳက္သေလာက္ မေကာင္းတာေတြလုပ္ပါကြၽန္မ ၀ဋ္ေႂကြးဆပ္ေနတာဆိုၿပီး ေျဖလိုက္လို႔ရတယ္

ကိုယ့္ဘက္ကေတာ့ အေကာင္းဆုံးေသာ အရာေတြပဲေပးမယ္ ေမတၱာမပ်က္ပဲ ေစတနာမပ်က္ပဲ ျဖဴျဖဴစင္စင္ေလးေပါ့အခ်ိန္တန္ရင္ ကံၾကမၼာက စီရင္ပါလိမ့္မယ္ ကိုယ့္ဘက္က ဘာက်ိန္စာမွမလိုအပ္ဘူး

ဘာကြၽန္စာမွလဲ မတိုက္ရက္ပါဘူး ကိုယ့္အေပၚလုပ္ရက္တဲ့သူက လုပ္ရက္ေပမယ့္ကိုယ့္လိုနာက်င္ရတာမ်ိဳး ဘယ္သူ႔ကိုမွ မျဖစ္ေစခ်င္ဘူးေလ ၿပီးေတာ့ ကြၽန္မ လို ခံႏိုင္ရည္မရွိမွာလဲစိုးတယ္ ဒါ အျဖဴစင္ဆုံးေသာ စကားပါ ဘာလုပ္ဇာတ္မွ မပါဘူး

ကိုယ့္လို မနာက်င္ပါေစနဲ႔ ဆိုတဲ့ဆု . . . ၀ဋ္မလည္ပါေစနဲ႔ဆိုတဲ့ဆုေတြေတာ့ သတိရတဲ့အခါတိုင္းေတာင္းျဖစ္တယ္ တခ်ိဳ႕ဒဏ္ရာေတြက အခ်ိန္ၾကာသြားလဲ မေပ်ာက္မပ်က္ရွိေနတတ္တာေလ စိတ္မွာလာထင္တဲ့ ဒဏ္ရာေတြေပါ့ ဘာပဲျဖစ္ျဖစ္ ၀ဋ္ေႂကြးပါလို႔သာ ဆပ္ေနရတယ္လို႔ ေတြးပါတယ္

ကိုယ္ေကာင္းသလို ကိုယ့္အေပၚမေကာင္းလို႔လဲ တစ္ခ်က္ခ်က္ ၀မ္းနည္းတာကလြဲလို႔ ဘာအမ်က္ေဒါသမွ မထြက္ေတာ့ပါဘူး ၀ဋ္ေႂကြးကို ေရွာင္ေျပးဖို႔လဲ ထပ္ၿပီး မႀကိဳးစားေတာ့သလိုေနာက္ထပ္ ၀ဋ္ေႂကြးေတြလဲ ထပ္မသယ္သြားခ်င္ေတာ့ဘူးေလ

ကိုယ့္အလွည့္ သူ႔အလွည့္တဲ့ ကြၽန္မေတာ့ လက္စားေခ်ရတာ မႏွစ္သက္ဘူး သူ႔အလွည့္မွာေတာ့ ကိုယ့္အေပၚ မေကာင္းတာေတြ လုပ္ခ်င္လုပ္ပါ ကိုယ့္အလွည့္က်ရင္ေတာ့ ကံၾကမၼာသာ စီရင္ပါေစ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း