ကျွန်မက ချစ်ပဲချစ်တတ်ခဲ့တာ

ကျွန်မက ချစ်ပဲချစ်တတ်ခဲ့တာ နှစ်ယောက်ယှဥ်ပြီး မလုတတ်ခဲ့ဘူး ။ ချစ်ခဲ့တုန်းက … စျေးတွေ ပေါခဲ့မိတယ် စပြီးမခေါ်တဲ့အခါ ကိုယ့်ဘက်က အရင်စပြီးခေါ်တယ် ဖုန်းတွေးမဆက်တဲ့အခါ ကိုယ့်ဘက်ကပဲ စဆက်ဖြစ်ခဲ့သလို Conservation တွေကို စပြီးအသက်သွင်းခဲ့တာလဲ ကျွန်မပါပဲ ။

မာနတွေ ထားဖို့လိုလို့လာဆိုတဲ့အတွေးနဲ့ ကျွန်မက ချစ်နေတဲ့သူပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်မ ဘယ်တုန်းကမှ မာနထားရမယ်ဆိုတဲ့အသိတွေ မရှိခဲ့ဘူးအဲ့ဒီအချိန် ကိုယ်တစ်ယောက်တည်း ဘေးနားရှိနေလိမ့်မယ်လို့ ထင်ခဲ့တာ ။

မှားနေတဲ့အခါ … ကိုယ့်ခွင့်လွှတ်ပေးလိုက်ရင် အမှန်ပြင်လာမှာပါဆိုတဲ့အတွေးနဲ့ ကိုယ့်စေတနာတွေကို မြင်လာမှာပါဆိုတဲ့ စိတ်ကူးတွေနဲ့ တောင်းပန်ပါတယ်လို့ မပြောခင်အရင် ကိုယ်အရင် ခွင့်လွှတ်ပေးခဲ့မိတယ် ။

ကျွန်မ အမှားကြီးမှားသွားခဲ့တယ် တကယ့်တကယ်တမ်းကျတော့ … ကျွန်မတို့ဇာတ်လမ်းမှ ကျွန်မတို့နှစ်ယောက်တည်းနဲ့ ပြီးမသွားဘူးနောက်ထပ်တစ်ယောက် ထပ်ရှိလာခဲ့တယ် ။

ကျွန်မ ချစ်ပဲ ချစ်တတ်ခဲ့တာ ပြိုင်ပြီးလုရလောက်တဲ့ထိတော့ မာနတွေ မမဲ့သေးဘူး ။ ကိုယ်ပဲ ရှိနေပါလားဆိုတဲ့အသိနဲ့ သိပ်ချစ်နေမိတာ နောက်တစ်ယောက်ရှိနေမှန်းသိရင် အစောကြီးကတည်းက နောက်ဆုတ်ပစ်တာပေါ့ ။

ကျွန်မက ချစ်ဖို့ပဲ သိတဲ့မိန်းမပါ … နှစ်ယောက်ပြိုင်ပြီးလုရမယ့်အဖြစ်ဆို ကျွန်မပဲ အရင်ပဲ လက်ပြခဲ့မယ် ။ ဒီဇာတ်လမ်း ဒီမှာပဲ တစ်ခန်းရပ်ပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မက ခ်စ္ပဲခ်စ္တတ္ခဲ့တာ ႏွစ္ေယာက္ယွဥ္ၿပီး မလုတတ္ခဲ့ဘူး ။ ခ်စ္ခဲ့တုန္းက … ေစ်းေတြ ေပါခဲ့မိတယ္ စၿပီးမေခၚတဲ့အခါ ကိုယ့္ဘက္က အရင္စၿပီးေခၚတယ္ ဖုန္းေတြးမဆက္တဲ့အခါ ကိုယ့္ဘက္ကပဲ စဆက္ျဖစ္ခဲ့သလို Conservation ေတြကို စၿပီးအသက္သြင္းခဲ့တာလဲ ကြၽန္မပါပဲ ။

မာနေတြ ထားဖို႔လိုလို႔လာဆိုတဲ့အေတြးနဲ႔ ကြၽန္မက ခ်စ္ေနတဲ့သူပဲ ဆိုတဲ့ အေတြးနဲ႔ ကြၽန္မ ဘယ္တုန္းကမွ မာနထားရမယ္ဆိုတဲ့အသိေတြ မရွိခဲ့ဘူးအဲ့ဒီအခ်ိန္ ကိုယ္တစ္ေယာက္တည္း ေဘးနားရွိေနလိမ့္မယ္လို႔ ထင္ခဲ့တာ ။

မွားေနတဲ့အခါ … ကိုယ့္ခြင့္လႊတ္ေပးလိုက္ရင္ အမွန္ျပင္လာမွာပါဆိုတဲ့အေတြးနဲ႔ ကိုယ့္ေစတနာေတြကို ျမင္လာမွာပါဆိုတဲ့ စိတ္ကူးေတြနဲ႔ ေတာင္းပန္ပါတယ္လို႔ မေျပာခင္အရင္ ကိုယ္အရင္ ခြင့္လႊတ္ေပးခဲ့မိတယ္ ။

ကြၽန္မ အမွားႀကီးမွားသြားခဲ့တယ္ တကယ့္တကယ္တမ္းက်ေတာ့ … ကြၽန္မတို႔ဇာတ္လမ္းမွ ကြၽန္မတို႔ႏွစ္ေယာက္တည္းနဲ႔ ၿပီးမသြားဘူးေနာက္ထပ္တစ္ေယာက္ ထပ္ရွိလာခဲ့တယ္ ။

ကြၽန္မ ခ်စ္ပဲ ခ်စ္တတ္ခဲ့တာ ၿပိဳင္ၿပီးလုရေလာက္တဲ့ထိေတာ့ မာနေတြ မမဲ့ေသးဘူး ။ ကိုယ္ပဲ ရွိေနပါလားဆိုတဲ့အသိနဲ႔ သိပ္ခ်စ္ေနမိတာ ေနာက္တစ္ေယာက္ရွိေနမွန္းသိရင္ အေစာႀကီးကတည္းက ေနာက္ဆုတ္ပစ္တာေပါ့ ။

ကြၽန္မက ခ်စ္ဖို႔ပဲ သိတဲ့မိန္းမပါ … ႏွစ္ေယာက္ၿပိဳင္ၿပီးလုရမယ့္အျဖစ္ဆို ကြၽန္မပဲ အရင္ပဲ လက္ျပခဲ့မယ္ ။ ဒီဇာတ္လမ္း ဒီမွာပဲ တစ္ခန္းရပ္ေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း