မျက်ရည်တွေကျတတ်တဲ့ ကောင်မလေးတစ်ယောက်

ဘာစကားမှ မပြောနိုင်ပဲ မျက်ရည်တွေကျတတ်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ဖူးရင် ဒါမှမဟုတ် မျက်ရည်လွယ်တဲ့ ​ကောင်မလေးအကြောင်းကို သိချင်ရင် …ဒီစာလေးကို ဆုံးအောင် ဖတ်စေချင်တယ် …

နာကျင်မှုကိုပြဖို့ စကားတွေက မစွမ်းနိုင်တော့အခါ မျက်ရည်တွေ ကျတတ်တာကို အရင်ဦးဆုံးနားလည်ပါ … အငိုသန်လိုက်တာလို့ အရင်ဆုံး အပြစ်တွေမတင်ပါနဲ့ … ဘယ်သူကမှ မျက်ရည်တွေကျလောက်တဲ့အထိ မနာကျင်ချင်ကြပါဘူး ။ ကျွန်မလဲ မနာကျင်လိုဘူးလေ ။ စကားတွေ ပြောချင်ပါရဲ့နဲ့ နှုတ်ခမ်း၀ကို ရောက်မလာတဲ့အဖြစ်တွေဟာ …ပိုလို့တောင်ဆိုးပါသေးတယ်

စကားလုံးတွေ သုံးပြီး ပေါက်ကွဲပစ်လိုက်ရင် သက်သာသွားမယ်ဆိုပေမယ့် အဲ့လို ပေါက်ကွဲခွင့်မရှိတဲ့ဘ၀တွေမှာ မျက်ရည်တွေ ခိုးပြီးကျရပါတယ် ။ ထစ်ကနဲရှိ … မျက်ရည်ပဲ ကျနေတာပဲ တဲ့လား ။ စကားလုံးတစ်လုံးချင်းကိုကအစ လုပ်ရပ်လေးသေးသေးလေးကိုအစ အရာရာကို ဂရုစိုက်နေမိတော့ အရာရာမှာ နာကျင်ရတာက သဘာ၀ပါ… ​

စကားတွေပြောချင်ပေမယ့်…ရှိတဲ့အတိုင်း ​ပြချင်ပေမယ့် နားလည်လာမှာ မဟုတ်ဘူးဆိုတဲ့အတွေးတွေက တော်တော်လေးဆိုးတယ် ။ နားထောင်ပေးတတ်တဲ့ နားတစ်စုံကလဲ ရှားတယ်လေ ။ တကယ်လို့… တစ်စုံတစ်ယောက်ကသာ တကယ်ကို နားထောင်ပေးတတ်ခဲ့ရင် … စကားတွေအများကြီးပြောဖြစ်ပြီး မျက်ရည်တွေ ကျလာရမှာ မဟုတ်ဘူး ။ အခုတော့ အရာရာကို ရင်ဘတ်ထဲထည့်သိမ်းထားပြီး ခံစားရတဲ့အဖြစ်က နင့်လွန်းအားကြီးပါတယ် ။

မျက်ရည်ဆိုတာ…နာကျင်မှုကို ပြဖို့ အကောင်းဆုံးအရာပါ ပြီးတော့ မျက်ရည်ဆိုတာ မခံမရပ်နိုင်အောင် နာကျင်လာတဲ့အခါမှ ကျတတ်တာပါ ။ ဒါကို … နားလည်မပေးနိုင်ရင်နေ အရင်ဆုံး ငိုနေတဲ့လူတစ်ယောက်ကို မျက်ရည်လွယ်လိုက်တာ ထစ်ကန​ဲရှိ မျက်ရည်ပဲ ကျပြနေတော့ပဲ ဆိုတဲ့ စကားတွေနဲ့ မထိုးနှက်ပါနဲ့ ။တကယ်ဆို သူလဲ ဘယ်ငိုချင်ပါ့မလဲ .. လူတိုင်းပျော်ချင်ကြတာချည်းပါ ။

ဒီလိုပဲ ဘ၀မှာ ပျော်အောင်နေနေတဲ့ကြားက မပျော်ရတဲ့အဖြစ်တွေက များတယ်လေ ။ ကိုယ့်ဘ၀န​ဲ့ ကိုယ်နဲ့ယှဥ္ပြီး လူတိုင်းကို ဝေဖန်တတ်တဲ့ အကျင့်လေးရှိရင်လဲ ပြင်ပါ…ကိုယ်က နေနိုင်ပေမယ့် သူက မနေနိုင်သေးတာလဲ ဖြစ်ရင်ဖြစ်မယ် ။ ကိုယ်က ပေါ့ပေါ့လေးလို့ သဘောထားပေမယ့် သူက အလေးအနက်ထားနေတာလဲ ဖြစ်ရင် ဖြစ်မယ် ။

ပြောစရာစကားတွေရှိပေမယ့် … ပြောနိုင်တဲ့ အင်အားတွေ မဲ့သွားတဲ့ အခါ ကျွန်မ ဘာစကားမှမပြောပဲ မျက်ရည်ကျတတ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘာစကားမွ မေျပာႏိုင္ပဲ မ်က္ရည္ေတြက်တတ္တဲ့ ေကာင္မေလးတစ္ေယာက္ကို ေတြ႕ခဲ့ဖူးရင္ ဒါမွမဟုတ္ မ်က္ရည္လြယ္တဲ့ ​ေကာင္မေလးအေၾကာင္းကို သိခ်င္ရင္ …ဒီစာေလးကို ဆုံးေအာင္ ဖတ္ေစခ်င္တယ္ …

နာက်င္မႈကိုျပဖို႔ စကားေတြက မစြမ္းႏိုင္ေတာ့အခါ မ်က္ရည္ေတြ က်တတ္တာကို အရင္ဦးဆုံးနားလည္ပါ … အငိုသန္လိုက္တာလို႔ အရင္ဆုံး အျပစ္ေတြမတင္ပါနဲ႔ … ဘယ္သူကမွ မ်က္ရည္ေတြက်ေလာက္တဲ့အထိ မနာက်င္ခ်င္ၾကပါဘူး ။ ကြၽန္မလဲ မနာက်င္လိုဘူးေလ ။ စကားေတြ ေျပာခ်င္ပါရဲ႕နဲ႔ ႏႈတ္ခမ္း၀ကို ေရာက္မလာတဲ့အျဖစ္ေတြဟာ …ပိုလို႔ေတာင္ဆိုးပါေသးတယ္

စကားလုံးေတြ သုံးၿပီး ေပါက္ကြဲပစ္လိုက္ရင္ သက္သာသြားမယ္ဆိုေပမယ့္ အဲ့လို ေပါက္ကြဲခြင့္မရွိတဲ့ဘ၀ေတြမွာ မ်က္ရည္ေတြ ခိုးၿပီးက်ရပါတယ္ ။ ထစ္ကနဲရွိ … မ်က္ရည္ပဲ က်ေနတာပဲ တဲ့လား ။ စကားလုံးတစ္လုံးခ်င္းကိုကအစ လုပ္ရပ္ေလးေသးေသးေလးကိုအစ အရာရာကို ဂ႐ုစိုက္ေနမိေတာ့ အရာရာမွာ နာက်င္ရတာက သဘာ၀ပါ… ​

စကားေတြေျပာခ်င္ေပမယ့္…ရွိတဲ့အတိုင္း ​ျပခ်င္ေပမယ့္ နားလည္လာမွာ မဟုတ္ဘူးဆိုတဲ့အေတြးေတြက ေတာ္ေတာ္ေလးဆိုးတယ္ ။ နားေထာင္ေပးတတ္တဲ့ နားတစ္စုံကလဲ ရွားတယ္ေလ ။ တကယ္လို႔… တစ္စုံတစ္ေယာက္ကသာ တကယ္ကို နားေထာင္ေပးတတ္ခဲ့ရင္ … စကားေတြအမ်ားႀကီးေျပာျဖစ္ၿပီး မ်က္ရည္ေတြ က်လာရမွာ မဟုတ္ဘူး ။ အခုေတာ့ အရာရာကို ရင္ဘတ္ထဲထည့္သိမ္းထားၿပီး ခံစားရတဲ့အျဖစ္က နင့္လြန္းအားႀကီးပါတယ္ ။

မ်က္ရည္ဆိုတာ…နာက်င္မႈကို ျပဖို႔ အေကာင္းဆုံးအရာပါ ၿပီးေတာ့ မ်က္ရည္ဆိုတာ မခံမရပ္ႏိုင္ေအာင္ နာက်င္လာတဲ့အခါမွ က်တတ္တာပါ ။ ဒါကို … နားလည္မေပးႏိုင္ရင္ေန အရင္ဆုံး ငိုေနတဲ့လူတစ္ေယာက္ကို မ်က္ရည္လြယ္လိုက္တာ ထစ္ကန​ဲရွိ မ်က္ရည္ပဲ က်ျပေနေတာ့ပဲ ဆိုတဲ့ စကားေတြနဲ႔ မထိုးႏွက္ပါနဲ႔ ။တကယ္ဆို သူလဲ ဘယ္ငိုခ်င္ပါ့မလဲ .. လူတိုင္းေပ်ာ္ခ်င္ၾကတာခ်ည္းပါ ။

ဒီလိုပဲ ဘ၀မွာ ေပ်ာ္ေအာင္ေနေနတဲ့ၾကားက မေပ်ာ္ရတဲ့အျဖစ္ေတြက မ်ားတယ္ေလ ။ ကိုယ့္ဘ၀န​ဲ့ ကိုယ္နဲ႔ယွၪၸျီး လူတိုင္းကို ေဝဖန္တတ္တဲ့ အက်င့္ေလးရွိရင္လဲ ျပင္ပါ…ကိုယ္က ေနႏိုင္ေပမယ့္ သူက မေနႏိုင္ေသးတာလဲ ျဖစ္ရင္ျဖစ္မယ္ ။ ကိုယ္က ေပါ့ေပါ့ေလးလို႔ သေဘာထားေပမယ့္ သူက အေလးအနက္ထားေနတာလဲ ျဖစ္ရင္ ျဖစ္မယ္ ။

ေျပာစရာစကားေတြရွိေပမယ့္ … ေျပာႏိုင္တဲ့ အင္အားေတြ မဲ့သြားတဲ့ အခါ ကြၽန္မ ဘာစကားမွမေျပာပဲ မ်က္ရည္က်တတ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း