ဒီလိုလေး နေပါ …….

ကိုယ့်ကို အလေးထား တန်ဖိုးထားတဲ့လူပဲ ပြန်ပြီး တန်ဖိုးထားတော့မယ် အများကြီး မျှော်လင့်ရတာ ပင်ပန်းတယ်လေ ။ ကိုယ့်ကို မလိုအပ်ဘူးဆိုရင် ကိုယ်ကလဲ ဘယ်လောက်ပဲ လိုချင်လိုချင် ဆွဲမထားတော့ဘူး မခေါ်ချင်လို့ မမြင်ချင်ယောင်ဆောင်သွားတဲ့လူကို လိုက်ပြီး မခေါ်တော့ဘူးကိုယ့်အတွက် မရှိမဖြစ်ဆိုတဲ့ စကားလုံးကို ထပ်ပြီး မသုံးနှုန်းတော့ဘူး

ကိုယ့်မာနလေး နဲနဲတော့ ထားမှ ရတော့မယ်သူကတောင် နေနိုင်သေးရင် ကိုယ်လဲ နေနိုင်ရမယ်ဆိုတဲ့ မာန သူမှ မလိုအပ်ရင် ကိုယ်လဲ မလိုအပ်ဘူးဆိုတဲ့ မာန မရှိမဖြစ်ကို ထားမှ ရတော့မယ် ဝေးသွားချင်လဲ ဝေးသွားပါစေတော့ . . . ကိုယ်ဆွဲမှ မြဲမယ့်လက်တွေပဲ ဘဝထဲ ရှိနေတော့လဲ ဘာပေါက်မှာလဲ ကိုယ်ပဲ တန်ဖိုးကျလွန်းတယ် သူချေကိုယ်ချေပဲ နေတာကောင်းပါတယ် ထိုက်တန်တာလောက်ပဲ ပေးတော့မယ် စေတနာနဲ့ ထိုက်တန်တဲ့လူတွေအတွက် စေတနာတွေ ထားမယ်

ဥပေက္ခာနဲ့ ထိုက်တန်တဲ့လူတွေအတွက် ဥပေက္ခာပြုထားပေးတော့မယ်တန်ရာတန်ရာပေါ့ မဟုတ်ရင် စေတနာဗလပွတွေပေးလဲ နောက်ဆုံးကိုယ်ပဲ စော်ကားခံရတယ် နောင်တတွေ ရလာရုံကလွဲလို့ ဘာဆိုဘာမှ ထူးမလာခဲ့ဘူးလေ နေနိုင်သွားခဲ့တာမဟုတ်ဘူး

ခဏခဏ ခံရပါများလွန်းတော့ နေတတ်သွားခဲ့ရုံပါ ။

သျှင်ယွန်း





သျှင်ယွန်း