ကိုယ်နဲ့ မထိုက်တန်မှန်းသိတဲ့အခါ စွန့်လွှတ်တတ်ပါစေ

ချစ်မိတဲ့အခါ ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့သလောက် ကိုယ်နဲ့ မထိုက်တန်မှန်းသိတဲ့အခါ စွန့်လွှတ်တတ်ပါစေ ဘ၀မှာ ရေစက်ဆုံလို့ လူနှစ်ဦး တွေ့ရပေမယ့် ရေစက်ကုန်သွားတဲ့အခါ မဖြစ်မနေ လမ်းခွဲကြရတယ် ဘယ်လောက်ပဲ ကိုယ့်ဘက်က ဆွဲထားဆွဲထား ကိုယ်နဲ့မထိုက်တန်တဲ့လူက ကိုယ့်အနား ကြာကြာမနေနိုင်ကြဘူး

ရှင်ဘုရင်လာဖို့ သူတောင်းစား လမ်းဖယ်ပေးလိုက်တယ်လို့ပဲ မှတ်ပါ။ကိုယ့်ဘက်က အချစ်စစ်အချစ်မှန်ခဲ့ရဲ့နဲ့ လိမ်ညာရက်လေခြင်းလို့ မတွေးနဲ့ စောစောစီးစီးသိပြီး စောစောစီးစီး လမ်းခွဲခဲ့ခြင်းက ကိုယ့်အတွက် ပိုကောင်းပါတယ် နောင်တစ်ချိန် ပြန်ပြင်မရတဲ့အခါမှ ဆုပ်လဲဆူး စားလဲ ရူးရမယ့်အဖြစ်မျိုး ရောက်မလာခဲ့တာပဲ ကံကောင်းပေါ့

လူတစ်ယောက်ကို နစ်နစ်ကာကာချစ်တာနဲ့အမျှ ပိုင်ဆိုင်ချင်တဲ့ အတ္တရှိကြသလို ကိုယ့်အနားမှာ မနေချင်တဲ့လူတစ်ယောက်ကိုလဲ လက်လွှတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ် သိပ်ချစ်နေတဲ့အခါပဲဖြစ်ဖြစ် မွှန်နေတဲ့အခါပဲ ဖြစ်ဖြစ် ထွက်မသွားပြီးရော ဆိုတဲ့စိတ်နဲ့ ကိုယ့်သိက္ခာတွေ ရေစုံမျောမပစ်နဲ့ နောင်တစ်ချိန် ပြန်တွေးကြည့်ရင် ရှက်စရာတွေကြီးပဲ ။

ဒါကြောင့် ချစ်တဲ့အခါ အဆုံးစွန်ထိ ချစ်ပစ်လိုက်ရတယ် ဒါပေမယ့် စွန့်လွှတ်ချိန်တန်ပြီဆိုတဲ့အခါ ကိုယ့်ဘက်က အရင်ဦးအောင် လက်ပြနှုတ်ဆက်ခဲ့ သူ့ဘက်က ချန်ခဲ့တဲ့ထိ မစောင့်နဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခ်စ္မိတဲ့အခါ ပိုင္ဆိုင္ဖို႔ ႀကိဳးစားခဲ့သေလာက္ ကိုယ္နဲ႔ မထိုက္တန္မွန္းသိတဲ့အခါ စြန္႔လႊတ္တတ္ပါေစ ဘ၀မွာ ေရစက္ဆုံလို႔ လူႏွစ္ဦး ေတြ႕ရေပမယ့္ ေရစက္ကုန္သြားတဲ့အခါ မျဖစ္မေန လမ္းခြဲၾကရတယ္ ဘယ္ေလာက္ပဲ ကိုယ့္ဘက္က ဆြဲထားဆြဲထား ကိုယ္နဲ႔မထိုက္တန္တဲ့လူက ကိုယ့္အနား ၾကာၾကာမေနႏိုင္ၾကဘူး

ရွင္ဘုရင္လာဖို႔ သူေတာင္းစား လမ္းဖယ္ေပးလိုက္တယ္လို႔ပဲ မွတ္ပါ။ကိုယ့္ဘက္က အခ်စ္စစ္အခ်စ္မွန္ခဲ့ရဲ႕နဲ႔ လိမ္ညာရက္ေလျခင္းလို႔ မေတြးနဲ႔ ေစာေစာစီးစီးသိၿပီး ေစာေစာစီးစီး လမ္းခြဲခဲ့ျခင္းက ကိုယ့္အတြက္ ပိုေကာင္းပါတယ္ ေနာင္တစ္ခ်ိန္ ျပန္ျပင္မရတဲ့အခါမွ ဆုပ္လဲဆူး စားလဲ ႐ူးရမယ့္အျဖစ္မ်ိဳး ေရာက္မလာခဲ့တာပဲ ကံေကာင္းေပါ့

လူတစ္ေယာက္ကို နစ္နစ္ကာကာခ်စ္တာနဲ႔အမွ် ပိုင္ဆိုင္ခ်င္တဲ့ အတၱရွိၾကသလို ကိုယ့္အနားမွာ မေနခ်င္တဲ့လူတစ္ေယာက္ကိုလဲ လက္လႊတ္ရဲတဲ့ သတၱိရွိဖို႔လိုတယ္ သိပ္ခ်စ္ေနတဲ့အခါပဲျဖစ္ျဖစ္ မႊန္ေနတဲ့အခါပဲ ျဖစ္ျဖစ္ ထြက္မသြားၿပီးေရာ ဆိုတဲ့စိတ္နဲ႔ ကိုယ့္သိကၡာေတြ ေရစုံေမ်ာမပစ္နဲ႔ ေနာင္တစ္ခ်ိန္ ျပန္ေတြးၾကည့္ရင္ ရွက္စရာေတြႀကီးပဲ ။

ဒါေၾကာင့္ ခ်စ္တဲ့အခါ အဆုံးစြန္ထိ ခ်စ္ပစ္လိုက္ရတယ္ ဒါေပမယ့္ စြန္႔လႊတ္ခ်ိန္တန္ၿပီဆိုတဲ့အခါ ကိုယ့္ဘက္က အရင္ဦးေအာင္ လက္ျပႏႈတ္ဆက္ခဲ့ သူ႔ဘက္က ခ်န္ခဲ့တဲ့ထိ မေစာင့္နဲ႔ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း