ကျွန်မ ဘယ်တုန်းကမှ မေ့ဖို့မကြိုးစားခဲ့မိတာပါ

ကျွန်မ ဘယ်တုန်းကမှ မေ့ဖို့မကြိုးစားခဲ့မိတာပါ ။

သူနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်မှာ ပိတ်မိနေတယ်လို့ပဲ ခေါင်းစဥ်တပ်ချင်တော့တယ် ။ သူ့ကို မေ့ချင်တယ်လို့ ပါးစပ်က ရွတ်နေမိပေမယ့် တကယ်တမ်းကျတော့ ကျွန်မ ဘယ်တုန်းကမှ သူ့ကို မေ့ဖို့ မကြိုးစားခဲ့မိသေးဘူး ။

သူနဲ့ ဘယ်တုန်းက စတွေ့ခဲ့တာဆိုတဲ့ ရက်လေးကအစ ဘယ်တုန်းက ကိုယ့်ကို ထားသွားခဲ့တာဆိုတဲ့ ရက်လေးတွေအဆုံး ကျွန်မ တယုတယမဟုတ်ပဲ နာနာကျင်ကျင်နဲ့ မှတ်မိနေတုန်းပဲလေ ။ ဘယ်အချိန် ဘယ်နေရာတွေက အစ ဘယ်တုန်းက ဘယ်လိုရှိခဲ့တာအဆုံးပေါ့ ။

ဖျက်မပစ်ရက်သေးတဲ့ ဓာတ်ပုံလေးတွေလဲ ရှိတယ် မဆက်ဖြစ်တော့တဲ့ ဖုန်းနံပါတ်လေးလဲ ရှိတယ် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် ၀င်၀င်ကြည့်လေ့ရှိတဲ့ အကောင့်လေးတစ်ခုလဲ ရှိတယ် ပြီးရင် ငိုပြီး ပြန်ထွက်လာရတာပါပဲ ။ ကျွန်မက မေ့ချင်ပြီလို့ပဲ ပြောနေတာ တကယ်တမ်းကျတော့ မေ့ဖို့ တကယ်မကြိုးစားခဲ့မိဘူး ။

သူမရှိတော့တာ အခုဆို ဘယ်နှရက်တောင်ရှိပြီဆိုတဲ့ ရက်တွေကို ရေတွက်နေခဲ့မိတာ သူထားခဲ့ပါလားဆိုပြီး မနာကျည်းတတ်ခဲ့ဘူး ။ တကယ်ဆို … သူတောင် ပျော်နေပြီလေဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ ပျော်အောင်နေမှ ဖြစ်မယ်ဆိုတာမျိုး လုံး၀ မတွေးဖြစ်ခဲ့ဘူး ။ ကျွန်မ သူ့ကို မမေ့နိုင်ခဲ့တာ မဟုတ်ပဲ ဘယ်တုန်းကမှ မေ့ဖို့ မကြိုးစားခဲ့တာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ဘယ္တုန္းကမွ ေမ့ဖို႔မႀကိဳးစားခဲ့မိတာပါ ။

သူနဲ႔ ပတ္သက္ခဲ့ဖူးတဲ့ အတိတ္မွာ ပိတ္မိေနတယ္လို႔ပဲ ေခါင္းစဥ္တပ္ခ်င္ေတာ့တယ္ ။ သူ႔ကို ေမ့ခ်င္တယ္လို႔ ပါးစပ္က ႐ြတ္ေနမိေပမယ့္ တကယ္တမ္းက်ေတာ့ ကြၽန္မ ဘယ္တုန္းကမွ သူ႔ကို ေမ့ဖို႔ မႀကိဳးစားခဲ့မိေသးဘူး ။

သူနဲ႔ ဘယ္တုန္းက စေတြ႕ခဲ့တာဆိုတဲ့ ရက္ေလးကအစ ဘယ္တုန္းက ကိုယ့္ကို ထားသြားခဲ့တာဆိုတဲ့ ရက္ေလးေတြအဆုံး ကြၽန္မ တယုတယမဟုတ္ပဲ နာနာက်င္က်င္နဲ႔ မွတ္မိေနတုန္းပဲေလ ။ ဘယ္အခ်ိန္ ဘယ္ေနရာေတြက အစ ဘယ္တုန္းက ဘယ္လိုရွိခဲ့တာအဆုံးေပါ့ ။

ဖ်က္မပစ္ရက္ေသးတဲ့ ဓာတ္ပုံေလးေတြလဲ ရွိတယ္ မဆက္ျဖစ္ေတာ့တဲ့ ဖုန္းနံပါတ္ေလးလဲ ရွိတယ္ ။ ကိုယ္နဲ႔ မဆိုင္ေပမယ့္ ၀င္၀င္ၾကည့္ေလ့ရွိတဲ့ အေကာင့္ေလးတစ္ခုလဲ ရွိတယ္ ၿပီးရင္ ငိုၿပီး ျပန္ထြက္လာရတာပါပဲ ။ ကြၽန္မက ေမ့ခ်င္ၿပီလို႔ပဲ ေျပာေနတာ တကယ္တမ္းက်ေတာ့ ေမ့ဖို႔ တကယ္မႀကိဳးစားခဲ့မိဘူး ။

သူမရွိေတာ့တာ အခုဆို ဘယ္ႏွရက္ေတာင္ရွိၿပီဆိုတဲ့ ရက္ေတြကို ေရတြက္ေနခဲ့မိတာ သူထားခဲ့ပါလားဆိုၿပီး မနာက်ည္းတတ္ခဲ့ဘူး ။ တကယ္ဆို … သူေတာင္ ေပ်ာ္ေနၿပီေလဆိုတဲ့ အေတြးနဲ႔ ကိုယ္လဲ ေပ်ာ္ေအာင္ေနမွ ျဖစ္မယ္ဆိုတာမ်ိဳး လုံး၀ မေတြးျဖစ္ခဲ့ဘူး ။ ကြၽန္မ သူ႔ကို မေမ့ႏိုင္ခဲ့တာ မဟုတ္ပဲ ဘယ္တုန္းကမွ ေမ့ဖို႔ မႀကိဳးစားခဲ့တာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း