ကျွန်မ အခုမှ လွတ်လပ်သွားတာပါ…..

ကျွန်မ အခုမှ လွတ်လပ်သွားတာပါ…..

ဒီစကားလေးကိုပြောဖို့ … အချိန်တွေ ၂နှစ်လောက် ကျွန်မ နေ့နေ့ညည ငရဲတွေ ခံခဲ့ရတာလို့ပြောရင် … ယုံပါ့မလား ။ အရင်တုန်းကဆိုတာလေးကနေ စပြီး ပြောကြရအောင် ။

ချစ်သူတွေ စဖြစ်ခဲ့တုန်းကဆိုတဲ့ အချိန်ကနေစပြီး ပျော်ရမယ့်ရက်တွေထက် ငိုခဲ့ရတဲ့ရက်တွေချည်းဆက်ခဲ့တာပါ ဒါပေမယ့် ကိုယ်ကချစ်လွန်းခဲ့တာလေ နာကျင်လဲ မလွှတ်ဖြစ်ခဲ့ဘူး ။ ကြားထဲမှာ အမှားတွေလဲအများကြီးပဲ …အဲ့တာလဲ ပြန်ပြီးခွင့်လွှတ်ပြီး ပြန်ပြီးလက်ခံခဲ့တာလဲ ကျွန်မပါပဲ …သိပ်ချစ်လွန်းလို့ဆိုတဲ့ ခေါင်းစဥ်နဲ့ပေါ့ ။

အဲ့လိုခဏခဏ ခွင့်လွှတ်ပြီးနောက်ပိုင်းမှာ …ကျွန်မဟာ သူ့အတွက် ဂရုစိုက်စရာလို့ မမြင်တော့ဘူးထင်တယ် ။ ကျွန်မအနားမှာ ရှိနေပေမယ့် ကျွန်မအပေါ် အချစ်တွေ ရှိမနေတော့ဘူး။ကျွန်မနဲ့စကားတွေ ပြောနေပေမယ့် ကျွန်မစကားတွေဟာ သူ့အတွက် နား၀င်ချိုစရာတွေ မဟုတ်တော့ဘူး ။ အခက်အခဲဖြစ်တဲ့အခါမှသာ ကျွန်မဆီ အပူကပ်ဖို့သက်သက် တွေးတောတတ်တယ် ထင်တယ် ။ ကျွန်မက ချစ်ရတဲ့သူလေ မျက်နှာညိုးသွားတဲ့အခါ လိုတာတွေ ဖြည့်ဆည်းပေးခဲ့မိတယ် ။ အစစအရာရာ ကိုယ်က တဖြေးဖြေးချင်း ဦးဆောင်လာရတယ် ။ ဒီအချိန်တွေထိ သူ့အနားမှာ နေချင်မိတဲ့စိတ်နဲ့ အရာရာဟာ ပင်ပန်းစရာလို့ မမြင်ပဲ ချစ်တယ်လို့ပဲ ခံယူထားခဲ့တာပါ။

ဒါပေမယ့်…နေ့နေ့ညည မျက်ရည်နဲ့ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်တွေ များလာတာနဲ့အမျှ ကျွန်မ စိတ်ထဲမှာ … ဒဏ်ရာတွေ များလာခဲ့တယ် ။ အနည်းဆုံးကိုယ့်ရှေ့မှာ သူက မားမားမတ်မတ် ရှိနေပေးတယ်ဆိုရင်တောင် ကျွန်မ နာကျင်ရကျိုးနပ်ပါတယ် ။ ဒါပေမယ့် ကိုယ့်ရှေ့မှာ ရှိဖို့နေနေသာသာ တခြားတစ်ဖက်ကနေ ကျွန်မကို ပြစ်တင်ခဲ့တာ တကယ်ကို မြင်လို့တောင် မကောင်းဘူး။ဒီထက်ပိုဆိုးတဲ့အချက်တွေပါရှိခဲ့ဖူးတာပါ ဒါပေမယ့် ဒီစာကိုရေးနေရင်း ကျွန်မပြန်ပြီး မနာကျင်ချင်တော့လို့ ချန်ထားခဲ့တာပါ ။အဲ့ဒီအချိန်တွေဟာ ကျွန်မ ဆုံးဖြတ််ချက်တွေ ပြတ်သားဖို့ တွန်းအားတွေ ဖြစ်လာခဲ့တာပါ ။

ကျွန်မ လုံလုံလောက်လောက် နာကျင်ခဲ့ပြီးလို့ …ဆိုတာထက် ကျွန်မ သူ့စိတ်ဓာတ်ကို မြင်သင့်သလောက်မြင်ခဲ့ပြီးလို့ … ရွံ့သွားတာပါ ။ မုန်းသွားတာမဟုတ်ဘူး မုန်းခဲ့တာလဲမဟုတ်ဘူး တကယ်ကို နောင်တတွေ ရသွားတာပါ ။ ဒီလိုကြောင့်ပဲ ချစ်တဲ့စိတ်တွေကုန်ပြီး … ကျွန်မ ကိုယ့်လမ်းပေါ် ကိုယ် လျှောက်လာနိုင်တာပါ။

အခုတော့ … ကျွန်မမှာ … နာကျင်ရတဲ့ညတွေ မရှိတော့ဘူး ကျွန်မ လွတ်လွတ်လပ်လပ်နဲ့ အသက်၀၀ရှုတတ်ခဲ့ပြီ … ကိုယ်က ချည်းချစ်နေရတဲ့အဖြစ်တွေ မရှိတော့ဘူး ကိုယ့်ကိုယ်ကိုယ် တဖြေးဖြေး ချစ်တတ်လာပြီ ။ တကယ်ပါ … အရင်ကတည်းကနေသာ ဒီလိုလွတ်လပ်မယ်မှန်းသိရင် အရင်ကတည်းကနေ ကျွန်မ လွှတ်ချခဲ့ပါတယ်ဆိုတဲ့ နောင်တတွေ ရပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ အခုမွ လြတ္လပ္သြားတာပါ…..

ဒီစကားေလးကိုေျပာဖို႔ … အခ်ိန္ေတြ ၂ႏွစ္ေလာက္ ကြၽန္မ ေန႔ေန႔ညည ငရဲေတြ ခံခဲ့ရတာလို႔ေျပာရင္ … ယုံပါ့မလား ။ အရင္တုန္းကဆိုတာေလးကေန စၿပီး ေျပာၾကရေအာင္ ။

ခ်စ္သူေတြ စျဖစ္ခဲ့တုန္းကဆိုတဲ့ အခ်ိန္ကေနစၿပီး ေပ်ာ္ရမယ့္ရက္ေတြထက္ ငိုခဲ့ရတဲ့ရက္ေတြခ်ည္းဆက္ခဲ့တာပါ ဒါေပမယ့္ ကိုယ္ကခ်စ္လြန္းခဲ့တာေလ နာက်င္လဲ မလႊတ္ျဖစ္ခဲ့ဘူး ။ ၾကားထဲမွာ အမွားေတြလဲအမ်ားႀကီးပဲ …အဲ့တာလဲ ျပန္ၿပီးခြင့္လႊတ္ၿပီး ျပန္ၿပီးလက္ခံခဲ့တာလဲ ကြၽန္မပါပဲ …သိပ္ခ်စ္လြန္းလို႔ဆိုတဲ့ ေခါင္းစဥ္နဲ႔ေပါ့ ။

အဲ့လိုခဏခဏ ခြင့္လႊတ္ၿပီးေနာက္ပိုင္းမွာ …ကြၽန္မဟာ သူ႔အတြက္ ဂ႐ုစိုက္စရာလို႔ မျမင္ေတာ့ဘူးထင္တယ္ ။ ကြၽန္မအနားမွာ ရွိေနေပမယ့္ ကြၽန္မအေပၚ အခ်စ္ေတြ ရွိမေနေတာ့ဘူး။ကြၽန္မနဲ႔စကားေတြ ေျပာေနေပမယ့္ ကြၽန္မစကားေတြဟာ သူ႔အတြက္ နား၀င္ခ်ိဳစရာေတြ မဟုတ္ေတာ့ဘူး ။ အခက္အခဲျဖစ္တဲ့အခါမွသာ ကြၽန္မဆီ အပူကပ္ဖို႔သက္သက္ ေတြးေတာတတ္တယ္ ထင္တယ္ ။ ကြၽန္မက ခ်စ္ရတဲ့သူေလ မ်က္ႏွာညိဳးသြားတဲ့အခါ လိုတာေတြ ျဖည့္ဆည္းေပးခဲ့မိတယ္ ။ အစစအရာရာ ကိုယ္က တေျဖးေျဖးခ်င္း ဦးေဆာင္လာရတယ္ ။ ဒီအခ်ိန္ေတြထိ သူ႔အနားမွာ ေနခ်င္မိတဲ့စိတ္နဲ႔ အရာရာဟာ ပင္ပန္းစရာလို႔ မျမင္ပဲ ခ်စ္တယ္လို႔ပဲ ခံယူထားခဲ့တာပါ။

ဒါေပမယ့္…ေန႔ေန႔ညည မ်က္ရည္နဲ႔ ျဖတ္သန္းခဲ့ရတဲ့ အခိုက္အတန္႔ေတြ မ်ားလာတာနဲ႔အမွ် ကြၽန္မ စိတ္ထဲမွာ … ဒဏ္ရာေတြ မ်ားလာခဲ့တယ္ ။ အနည္းဆုံးကိုယ့္ေရွ႕မွာ သူက မားမားမတ္မတ္ ရွိေနေပးတယ္ဆိုရင္ေတာင္ ကြၽန္မ နာက်င္ရက်ိဳးနပ္ပါတယ္ ။ ဒါေပမယ့္ ကိုယ့္ေရွ႕မွာ ရွိဖို႔ေနေနသာသာ တျခားတစ္ဖက္ကေန ကြၽန္မကို ျပစ္တင္ခဲ့တာ တကယ္ကို ျမင္လို႔ေတာင္ မေကာင္းဘူး။ဒီထက္ပိုဆိုးတဲ့အခ်က္ေတြပါရွိခဲ့ဖူးတာပါ ဒါေပမယ့္ ဒီစာကိုေရးေနရင္း ကြၽန္မျပန္ၿပီး မနာက်င္ခ်င္ေတာ့လို႔ ခ်န္ထားခဲ့တာပါ ။အဲ့ဒီအခ်ိန္ေတြဟာ ကြၽန္မ ဆုံးျဖတ္္ခ်က္ေတြ ျပတ္သားဖို႔ တြန္းအားေတြ ျဖစ္လာခဲ့တာပါ ။

ကြၽန္မ လုံလုံေလာက္ေလာက္ နာက်င္ခဲ့ၿပီးလို႔ …ဆိုတာထက္ ကြၽန္မ သူ႔စိတ္ဓာတ္ကို ျမင္သင့္သေလာက္ျမင္ခဲ့ၿပီးလို႔ … ႐ြံ႕သြားတာပါ ။ မုန္းသြားတာမဟုတ္ဘူး မုန္းခဲ့တာလဲမဟုတ္ဘူး တကယ္ကို ေနာင္တေတြ ရသြားတာပါ ။ ဒီလိုေၾကာင့္ပဲ ခ်စ္တဲ့စိတ္ေတြကုန္ၿပီး … ကြၽန္မ ကိုယ့္လမ္းေပၚ ကိုယ္ ေလွ်ာက္လာႏိုင္တာပါ။

အခုေတာ့ … ကြၽန္မမွာ … နာက်င္ရတဲ့ညေတြ မရွိေတာ့ဘူး ကြၽန္မ လြတ္လြတ္လပ္လပ္နဲ႔ အသက္၀၀ရႈတတ္ခဲ့ၿပီ … ကိုယ္က ခ်ည္းခ်စ္ေနရတဲ့အျဖစ္ေတြ မရွိေတာ့ဘူး ကိုယ့္ကိုယ္ကိုယ္ တေျဖးေျဖး ခ်စ္တတ္လာၿပီ ။ တကယ္ပါ … အရင္ကတည္းကေနသာ ဒီလိုလြတ္လပ္မယ္မွန္းသိရင္ အရင္ကတည္းကေန ကြၽန္မ လႊတ္ခ်ခဲ့ပါတယ္ဆိုတဲ့ ေနာင္တေတြ ရပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း