နာကျင်မှုက လူကို အများကြီး ပြောင်းလဲသွားစေပါတယ်

နာကျင်မှုက လူကို အများကြီး ပြောင်းလဲသွားစေပါတယ် ။ သင်ခန်းစာတွေသာ ယူတတ်ရင်ပေါ့ ။

နာကျင်မှုမှာ နှစ်မျိုးရှိတယ် ပထမတစ်ခုက အပေါ်ယံအနာလို့ အလွယ်လေး ခေါ်ကြတာပေါ့ ။ သာမန် ခလုတ်တိုက်တာ ထိခိုက်တာ ရှနာတာ ဒါတွေဟာ အပေါ်ယံအနာပါ ။ သေစေနိုင်တဲ့ ဒဏ်ရာတွေ ရှိသလို အမာရွှတ်တောင် မကျန်တော့တဲ့ အနာတွေ ရှိတယ် ဓားနဲ့ ခုတ်တာ ကားတိုက်မိတာ စတာတွေက သေစေနိုင်တဲ့ ဒဏ်ရာတွေပေါ့ ဒါပေမယ့် ဒီဒဏ်ရာတွေကြောင့် ဘ၀မှာ တစ်ခါပဲ သေရပါတယ် ။

ဒုတိယနာကျင်မှုက သွေးမထွက်ဘူး နာကျင်လို့ နာကျင်နေမှန်းလဲ မထင်ရဘူး ပြီးတော့ မြင်လဲ မမြင်ရဘူး စိတ်မှာဖြစ်တဲ့ ဒဏ်ရာတွေပေါ့ သေမတတ်လဲ နာကျင်ရသလို တိုက်ဆိုင်တဲ့အခါတိုင်း အခေါက်ခေါက်အခါခါလဲ ပြန်သေရပါတယ် အဲ့တာကို စိတ်ဒါဏ်ရာလို့ အလွယ်လေး ခေါ်ကြတယ်

စကားလုံးတွေကြောင့်ပဲ ဖြစ်ဖြစ် လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ဖြစ် နှလုံးသားမှာ ခဏခဏနာကျင်ရပါများတဲ့အခါ စိတ်မှာဖြစ်တတ်တဲ့ ဒဏ်ရာတွေ ဖြစ်လာတတ်တယ် ။

စကားကျွံရင် နှုတ်မရ ဆိုတဲ့ စကားအတိုင်းပါပဲ မဆင်မခြင်ပြောလိုက်တဲ့စကားလုံးကြောင့် တစ်ဖက်လူမှာ သေမတတ်နာကျင်သွားရတယ်လေ ။ ပြီးတော့မှ ဆောရီးပါဆိုတဲ့ စကားလုံးနဲ့ အနာကို ပြန်ပြီး ချွေးသိပ်ဖို့ ကြိုးစားချင်ကြတဲ့လူတွေချည်းပါပဲ အဲ့လောက်မလွယ်ဘူးလေ ။ ရင်ဘတ်ကြီးနဲ့ ရင်းပြီးနားထောင်တတ်တဲ့သူက ဘာမဟုတ်တာလေးကအစ ကြီးကြီးမားမားနာကျင်ချင် နာကျင်နေတတ်တာ

အဲ့ဒီနာကျင်မှုတွေကြောင့် လူတစ်ယောက်ဟာ အပြောင်းလဲကြီး ပြောင်းလဲ သွားနိုင်ပါတယ် ။ အမြဲတမ်း ပြုံးပျော်ရွှင်နေတတ်တဲ့ ကောင်မလေးက နောက်ထပ် ဝေဒနာတွေ လက်သင့်မခံနိုင်တော့တဲ့အခါ အေးစက်မာကျောလာတတ်တယ် ။သိပ်ချစ်ပါတယ်ဆိုတဲ့ လူတွေတောင် မခံမရပ်နိုင်အောင်နာကျင်လာရတဲ့အခါ သူအရမ်းကို မက်မောပါတယ်ဆိုတဲ့ အရာတွေကို လွှတ်ချချင် လွှတ်ချတတ်လာတာမျိုးလေ ။

အပေါ်ယံ ဒဏ်ရာတွေဆိုတာ သွေးထွက်တယ် နာကျင်ရတယ် ဒါပေမယ့် အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ အမာရွှတ်တောင် ကျန်ခဲ့ချင်မှ ကျန်ခဲ့တာလေ ။ စိတ်မှာ ဖြစ်တဲ့ ဒဏ်ရာတွေကတော့ သွေးမထွက်ပေမယ့် သေမတတ် နာကျင်ရပါတယ် ။

နာကျင်မှု . . . . လုံလုံလောက်လောက် နာကျင်ပြီးသွားရတဲ့အခါ လူတစ်ယောက်က အနည်းနဲ့အများ ပြောင်းလဲ သွားတတ်ကြတာချည်းပါပဲ ။ ဆက်ပြီး နာကျင်နေဖို့ ခံနိုင်ရည် မရှိတော့တဲ့အခါ ဆက်ပြီး သည်းခံနေဖို့ စိတ်ကုန်သွားတဲ့အခါ လူတိုင်းပြောင်းလဲသွားနိုင်ကြပါတယ် ။ အချစ်ဆုံးဆိုတဲ့လူတွေ အမက်မောဆုံးဆိုတဲ့အရာတွေကို ကျောခိုင်းပစ်ချင် ကျောခိုင်းပစ်သွားနိုင်တာမျိုးပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

နာက်င္မႈက လူကို အမ်ားႀကီး ေျပာင္းလဲသြားေစပါတယ္ ။ သင္ခန္းစာေတြသာ ယူတတ္ရင္ေပါ့ ။

နာက်င္မႈမွာ ႏွစ္မ်ိဳးရွိတယ္ ပထမတစ္ခုက အေပၚယံအနာလို႔ အလြယ္ေလး ေခၚၾကတာေပါ့ ။ သာမန္ ခလုတ္တိုက္တာ ထိခိုက္တာ ရွနာတာ ဒါေတြဟာ အေပၚယံအနာပါ ။ ေသေစႏိုင္တဲ့ ဒဏ္ရာေတြ ရွိသလို အမာ႐ႊတ္ေတာင္ မက်န္ေတာ့တဲ့ အနာေတြ ရွိတယ္ ဓားနဲ႔ ခုတ္တာ ကားတိုက္မိတာ စတာေတြက ေသေစႏိုင္တဲ့ ဒဏ္ရာေတြေပါ့ ဒါေပမယ့္ ဒီဒဏ္ရာေတြေၾကာင့္ ဘ၀မွာ တစ္ခါပဲ ေသရပါတယ္ ။

ဒုတိယနာက်င္မႈက ေသြးမထြက္ဘူး နာက်င္လို႔ နာက်င္ေနမွန္းလဲ မထင္ရဘူး ၿပီးေတာ့ ျမင္လဲ မျမင္ရဘူး စိတ္မွာျဖစ္တဲ့ ဒဏ္ရာေတြေပါ့ ေသမတတ္လဲ နာက်င္ရသလို တိုက္ဆိုင္တဲ့အခါတိုင္း အေခါက္ေခါက္အခါခါလဲ ျပန္ေသရပါတယ္ အဲ့တာကို စိတ္ဒါဏ္ရာလို႔ အလြယ္ေလး ေခၚၾကတယ္

စကားလုံးေတြေၾကာင့္ပဲ ျဖစ္ျဖစ္ လုပ္ရပ္ေတြေၾကာင့္ပဲ ျဖစ္ျဖစ္ ႏွလုံးသားမွာ ခဏခဏနာက်င္ရပါမ်ားတဲ့အခါ စိတ္မွာျဖစ္တတ္တဲ့ ဒဏ္ရာေတြ ျဖစ္လာတတ္တယ္ ။

စကားကြၽံရင္ ႏႈတ္မရ ဆိုတဲ့ စကားအတိုင္းပါပဲ မဆင္မျခင္ေျပာလိုက္တဲ့စကားလုံးေၾကာင့္ တစ္ဖက္လူမွာ ေသမတတ္နာက်င္သြားရတယ္ေလ ။ ၿပီးေတာ့မွ ေဆာရီးပါဆိုတဲ့ စကားလုံးနဲ႔ အနာကို ျပန္ၿပီး ေခြၽးသိပ္ဖို႔ ႀကိဳးစားခ်င္ၾကတဲ့လူေတြခ်ည္းပါပဲ အဲ့ေလာက္မလြယ္ဘူးေလ ။ ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီးနားေထာင္တတ္တဲ့သူက ဘာမဟုတ္တာေလးကအစ ႀကီးႀကီးမားမားနာက်င္ခ်င္ နာက်င္ေနတတ္တာ

အဲ့ဒီနာက်င္မႈေတြေၾကာင့္ လူတစ္ေယာက္ဟာ အေျပာင္းလဲႀကီး ေျပာင္းလဲ သြားႏိုင္ပါတယ္ ။ အၿမဲတမ္း ၿပဳံးေပ်ာ္႐ႊင္ေနတတ္တဲ့ ေကာင္မေလးက ေနာက္ထပ္ ေဝဒနာေတြ လက္သင့္မခံႏိုင္ေတာ့တဲ့အခါ ေအးစက္မာေက်ာလာတတ္တယ္ ။သိပ္ခ်စ္ပါတယ္ဆိုတဲ့ လူေတြေတာင္ မခံမရပ္ႏိုင္ေအာင္နာက်င္လာရတဲ့အခါ သူအရမ္းကို မက္ေမာပါတယ္ဆိုတဲ့ အရာေတြကို လႊတ္ခ်ခ်င္ လႊတ္ခ်တတ္လာတာမ်ိဳးေလ ။

အေပၚယံ ဒဏ္ရာေတြဆိုတာ ေသြးထြက္တယ္ နာက်င္ရတယ္ ဒါေပမယ့္ အခ်ိန္တစ္ခုၾကာၿပီးတဲ့ေနာက္မွာ အမာ႐ႊတ္ေတာင္ က်န္ခဲ့ခ်င္မွ က်န္ခဲ့တာေလ ။ စိတ္မွာ ျဖစ္တဲ့ ဒဏ္ရာေတြကေတာ့ ေသြးမထြက္ေပမယ့္ ေသမတတ္ နာက်င္ရပါတယ္ ။

နာက်င္မႈ . . . . လုံလုံေလာက္ေလာက္ နာက်င္ၿပီးသြားရတဲ့အခါ လူတစ္ေယာက္က အနည္းနဲ႔အမ်ား ေျပာင္းလဲ သြားတတ္ၾကတာခ်ည္းပါပဲ ။ ဆက္ၿပီး နာက်င္ေနဖို႔ ခံႏိုင္ရည္ မရွိေတာ့တဲ့အခါ ဆက္ၿပီး သည္းခံေနဖို႔ စိတ္ကုန္သြားတဲ့အခါ လူတိုင္းေျပာင္းလဲသြားႏိုင္ၾကပါတယ္ ။ အခ်စ္ဆုံးဆိုတဲ့လူေတြ အမက္ေမာဆုံးဆိုတဲ့အရာေတြကို ေက်ာခိုင္းပစ္ခ်င္ ေက်ာခိုင္းပစ္သြားႏိုင္တာမ်ိဳးေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း