လုံလုံလောက်လောက် နာကျင်ခဲ့ပြီးမှ …

လုံလုံလောက်လောက် နာကျင်ခဲ့ပြီးမှ …

နာကျင်မှုက ဘယ်အချိန်ကျရင်လုံလောက်တတ်သလဲတဲ့ ဒီမေးခွန်းတွေအတွက်တော့ အဖြေဟာမရှိတတ်ဘူး ။ များသောအားဖြင့်ပေါ့ ဆက်ပြီးနာကျင်ဖို့အားတွေ မရှိတော့တဲ့အခါမှ လက်လွှတ်တတ်ကြတာပဲများတာပါ ။ ဒီ့အပြင်တော့ ဘယ်လောက်အတိုင်းအတာဟာ လုံလောက်ပြီဆိုတာမျိုးတွေတေူ့ မရှိခဲ့သေးဘူး ။ ဒါဆို … ကျွန်မကကော ဘယ်လောက်ထိများ နာကျင်ခဲ့ရပြီးပြီလဲ ။

အရေးပါမလားလို့စောင့်ရင်း …ကိုယ့်အရှေ့ပိုပြီး အရေးကြီးနေတဲ့အရာတွေကို ငေးကြည့်ခဲ့ရဖူးတယ် ။ ဖုန်းခေါ်မလားစောင့်ရင်း မခေါ်လာတော့တဲ့အဆုံး ကိုယ့်ဘက်က စခေါ်ဖို့ကြိုးစားခဲ့တုန်းကတောင် လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါ နဲ့ပဲ ညားတယ် ။ အဲ့ဒီ အသံက မျှော်နေတဲ့သူအတွက်တော့ တကယ်ကို ခါးပါတယ် ။

ဆုံနိုင်မလားလို့ မျှော်လင့်ရင် တဖြေးဖြေးဝေးသွားကြပုံက … ဘယ်တုန်းကမှ မဆုံခဲ့ဖူးကြသလိုတဲ့ အဲ့ဒီအဖြစ်အပျက်ဟာ ကိုယ်တွေ့ကြုံခဲ့ရတာပါ ။ မူလနေရာမှာရပ်တယ် ရှေ့များတိုးလာမလားပေါ့ ။ ရှေ့တစ်လှမ်းတိုးတယ် လှည့်များကြည့်မလားပေါ့ တကယ်တမ်းကျတော့ အရူးဖြစ်ခဲ့ရုံပါ ဒီထပ် ပိုမနီးခဲ့ကြဘူး။

မိန်းမသားလေ … ကိုယ်မှီရာအရပ်ဟာ ..ကိုယ်ချစ်တဲ့သူရဲ့ ရင်ခွင်ပဲ ဖြစ်နေစေချင်တယ် ။ ခက်တာက ကိုယ်ထင်မှတ်ထားတဲ့ အားကိုးရာဟာ ကိုယ်မမှားပဲနဲ့တောင် ကိုယ့်ကို ဦးအောင် အပြစ်တင်တတ်တာမျိုးပေါ့ ။

မျက်ရည်နဲ့ မျက်ခွက်ဆိုတာတွေတော့ ရိုးနေပြီးသားပါ ။ မျှော်ရင်းမောသွားလို့ အိပ်သွားရတဲ့ရက်တွေဟာလဲ အများကြီးပါ ။ ဒီလိုပါပဲ … ကျွန်မ နာကျင်မှုမှာ အသားကျသွားလိမ့်မယ်လို့ အရင်က ထင်ထားခဲ့တာ … ဒါပေမယ့် ကျွန်မ နာကျင်မှုတွေမှာ ထုံအမသွားပဲ နောက်ထပ်များနာကျင်ရရင်ဆိုတဲ့အတွေးတွေကြား အနာဂတ်တွေဟာ တော်တော်လေး ဝေဝါးလာတယ် ။

ဘ၀ဆိုတာ အရှည်ကြီးပါတဲ့ ဒီအရှည်ကြီးထဲမှာမှ … ကိုယ့်ကို ဒဏ်ရာတွေပေးမယ့်လူအနားမှာ တစ်ချိန်လုံးသာ ရပ်နေရရင် …ဟူး … အသက်ရှူတွေရပ်မတက်ပဲ တော်တော်လေးကို ပင်ပန်းပါတယ် ။ ရင်ဘတ်တွေပါ အောင့်တယ် ။

ကျွန်မ … လုံလုံလောက်လောက် နာကျင်ခဲ့ပြီးပြီဆိုတာထက် … နောက်ထပ် နာကျင်ဖို့ အင်အားတွေ မရှိခဲ့တော့တာပါ။ ဒီအတွေးတွေကြားမှာ ရှေ့လဲမတိုးသာ နောက်မဆုတ်သာနဲ့ ဒီတိုင်းရပ်နေမိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လုံလုံေလာက္ေလာက္ နာက်င္ခဲ့ၿပီးမွ …

နာက်င္မႈက ဘယ္အခ်ိန္က်ရင္လုံေလာက္တတ္သလဲတဲ့ ဒီေမးခြန္းေတြအတြက္ေတာ့ အေျဖဟာမရွိတတ္ဘူး ။ မ်ားေသာအားျဖင့္ေပါ့ ဆက္ၿပီးနာက်င္ဖို႔အားေတြ မရွိေတာ့တဲ့အခါမွ လက္လႊတ္တတ္ၾကတာပဲမ်ားတာပါ ။ ဒီ့အျပင္ေတာ့ ဘယ္ေလာက္အတိုင္းအတာဟာ လုံေလာက္ၿပီဆိုတာမ်ိဳးေတြေတူ႔ မရွိခဲ့ေသးဘူး ။ ဒါဆို … ကြၽန္မကေကာ ဘယ္ေလာက္ထိမ်ား နာက်င္ခဲ့ရၿပီးၿပီလဲ ။

အေရးပါမလားလို႔ေစာင့္ရင္း …ကိုယ့္အေရွ႕ပိုၿပီး အေရးႀကီးေနတဲ့အရာေတြကို ေငးၾကည့္ခဲ့ရဖူးတယ္ ။ ဖုန္းေခၚမလားေစာင့္ရင္း မေခၚလာေတာ့တဲ့အဆုံး ကိုယ့္ဘက္က စေခၚဖို႔ႀကိဳးစားခဲ့တုန္းကေတာင္ လူႀကီးမင္းေခၚဆိုေသာ တယ္လီဖုန္းမွာ မအားေသးပါ နဲ႔ပဲ ညားတယ္ ။ အဲ့ဒီ အသံက ေမွ်ာ္ေနတဲ့သူအတြက္ေတာ့ တကယ္ကို ခါးပါတယ္ ။

ဆုံႏိုင္မလားလို႔ ေမွ်ာ္လင့္ရင္ တေျဖးေျဖးေဝးသြားၾကပုံက … ဘယ္တုန္းကမွ မဆုံခဲ့ဖူးၾကသလိုတဲ့ အဲ့ဒီအျဖစ္အပ်က္ဟာ ကိုယ္ေတြ႕ႀကဳံခဲ့ရတာပါ ။ မူလေနရာမွာရပ္တယ္ ေရွ႕မ်ားတိုးလာမလားေပါ့ ။ ေရွ႕တစ္လွမ္းတိုးတယ္ လွည့္မ်ားၾကည့္မလားေပါ့ တကယ္တမ္းက်ေတာ့ အ႐ူးျဖစ္ခဲ့႐ုံပါ ဒီထပ္ ပိုမနီးခဲ့ၾကဘူး။

မိန္းမသားေလ … ကိုယ္မွီရာအရပ္ဟာ ..ကိုယ္ခ်စ္တဲ့သူရဲ႕ ရင္ခြင္ပဲ ျဖစ္ေနေစခ်င္တယ္ ။ ခက္တာက ကိုယ္ထင္မွတ္ထားတဲ့ အားကိုးရာဟာ ကိုယ္မမွားပဲနဲ႔ေတာင္ ကိုယ့္ကို ဦးေအာင္ အျပစ္တင္တတ္တာမ်ိဳးေပါ့ ။

မ်က္ရည္နဲ႔ မ်က္ခြက္ဆိုတာေတြေတာ့ ႐ိုးေနၿပီးသားပါ ။ ေမွ်ာ္ရင္းေမာသြားလို႔ အိပ္သြားရတဲ့ရက္ေတြဟာလဲ အမ်ားႀကီးပါ ။ ဒီလိုပါပဲ … ကြၽန္မ နာက်င္မႈမွာ အသားက်သြားလိမ့္မယ္လို႔ အရင္က ထင္ထားခဲ့တာ … ဒါေပမယ့္ ကြၽန္မ နာက်င္မႈေတြမွာ ထုံအမသြားပဲ ေနာက္ထပ္မ်ားနာက်င္ရရင္ဆိုတဲ့အေတြးေတြၾကား အနာဂတ္ေတြဟာ ေတာ္ေတာ္ေလး ေဝဝါးလာတယ္ ။

ဘ၀ဆိုတာ အရွည္ႀကီးပါတဲ့ ဒီအရွည္ႀကီးထဲမွာမွ … ကိုယ့္ကို ဒဏ္ရာေတြေပးမယ့္လူအနားမွာ တစ္ခ်ိန္လုံးသာ ရပ္ေနရရင္ …ဟူး … အသက္ရႉေတြရပ္မတက္ပဲ ေတာ္ေတာ္ေလးကို ပင္ပန္းပါတယ္ ။ ရင္ဘတ္ေတြပါ ေအာင့္တယ္ ။

ကြၽန္မ … လုံလုံေလာက္ေလာက္ နာက်င္ခဲ့ၿပီးၿပီဆိုတာထက္ … ေနာက္ထပ္ နာက်င္ဖို႔ အင္အားေတြ မရွိခဲ့ေတာ့တာပါ။ ဒီအေတြးေတြၾကားမွာ ေရွ႕လဲမတိုးသာ ေနာက္မဆုတ္သာနဲ႔ ဒီတိုင္းရပ္ေနမိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း