ရင့်ကျက်သလိုနေနေရတာ အရမ်းကို ပင်ပန်းပါတယ်

ကိုယ့်ရဲ့ ဝေဒနာတွေကိုမေ့ပြီး သူတစ်ပါးရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးခဲ့ဖူးတယ် ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါဆိုတာတော့ ရေရေရာရာ မသိတော့ဘူး ခဏခဏ မှန်းတော့ သိပါတယ် အားငယ်နေပါတယ်ဆိုတဲ့လူတွေကို အထီးကျန်မှုတွေကြားက အားပေးခဲ့ဖူးတယ် ငိုချင်လိုက်တာလို့ ပြောတဲ့သူကို မျက်ရည်တွေကြားက နှစ်သိမ့်ပေးခဲ့ဖူးတယ်

ကိုယ်ပေးလိုက်တဲ့အရာတွေက တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင်လဲ မျှော်လင့်တောင့်တနေတတ်တဲ့ အရာတွေချည်းပါပဲ ဒါပေမယ့် ဂရုစိုက်တတ်တဲ့သူတစ်ယောက်ရဲ့ ဂရုစိုက်ခံချင်တဲ့စိတ်ကို လျစ်လျူရှုထားကြတာ များတယ်

အားပေးစကားတွေ နှစ်သိမ့်စကားတွေပြောနေလွန်းလို့ ရင့်ကျက်နေပြီလို့ အထင်ရောက်သွားတာလဲ ဖြစ်ရင်ဖြစ်မှာပါ ဘယ်လောက်ပဲ ရင့်ကျက်ပါတယ်ပြောပြော လောကဓံရဲ့ ထိုးချက်တွေအောက်မှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖြစ် ပြိုလဲကျချင်လာတဲ့အခါတွေရှိပါတယ် ဒီအချိန် ကိုယ့်ဝေဒနာတွေကော ဘယ်သူမြင်အောင် ကြည့်ခဲ့လဲ ကိုယ်ပေးလိုက်တဲ့အရာတိုင်းဟာ အမြဲတမ်း ကိုယ့်မှာ ပိုနေလို့ချည်းမဟုတ်ဘူး တစ်ခါတစ်ရံ ဒုက္ခဖြစ်ခံပြီး ကူညီပေးလိုက်တာတွေမှ အများကြီးပါ ဒါတွေလဲ ဘယ်သူမှ မမြင်ခဲ့ပါဘူး

တစ်ခါတစ်လေတော့လဲ ရင့်ကျက်သလိုနေနေရတာ အရမ်းကို ပင်ပန်းပါတယ် စိတ်ရှိလက်ရှိ ပြိုလဲကျပစ်လိုက်လို့ရတဲ့ နေရာလေးတစ်နေရာပဲ ဖြစ်ဖြစ် ကိုယ်အရှုံးမပေးဖို့ အားပေးတတ်တဲ့ စကားလုံးတွေပဲဖြစ်ဖြစ် လိုအပ်တတ်တာပဲလေ ဘ၀မှာ ဒဏ်ရာအနာတရ အများဆုံးလူက ပိုပြီး စာနာတတ်တယ်ဆိုတာ သူတို့မသိဘူး ။ ရှိုက်ကြီးတငင်ငိုပြီးမှ ပြုံးတဲ့အပြုံးက အလှဆုံးဆိုတာ သူတို့မသိဘူး ။ ပေးနိုင်လွန်းလို့ဆိုတာထက် ပေးချင်လွန်းလို့ ပေးခဲ့တာတွေ သူတို့မသိဘူး ။

သူတို့အထင်မှာ ကိုယ်ဟာ အစစအရာရာအဆင်ပြေနေပြီး အစစအရာရာ ခံနိုင်ရည်ရှိနေတယ်လို့ မှတ်ယူလိုက်ကြတယ်ထင်တယ် တကယ်တော့ ကိုယ်လဲ လူထဲက လူပါပဲ

နာကျင်တတ်သလို ခံစားတတ်တယ် တစ်ခါတစ်လေကျတော့လဲ ကိုယ်ပြောမယ့် စကားလုံးတွေကို နားထောင်ပေးနိုင်မယ့် နားတစ်စုံလေး လိုချင်တယ် ကိုယ် လမ်းတွေ​ပျောက်နေတဲ့အခါ ဖေးမပေးမယ့် လက်တစ်စုံလိုတယ် ဘယ်လောက်ပဲ သန်မာနေပါစေ ကိုယ့်ကို နားလည်ပေးမယ့် ရင်ခွင်တစ်စုံတော့ လူတိုင်းတောင့်တကြတာပဲလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္ရဲ႕ ေဝဒနာေတြကိုေမ့ၿပီး သူတစ္ပါးရဲ႕ ဒဏ္ရာေတြကို ေဆးထည့္ေပးခဲ့ဖူးတယ္ ။ ဘယ္ႏွစ္ႀကိမ္ ဘယ္ႏွစ္ခါဆိုတာေတာ့ ေရေရရာရာ မသိေတာ့ဘူး ခဏခဏ မွန္းေတာ့ သိပါတယ္ အားငယ္ေနပါတယ္ဆိုတဲ့လူေတြကို အထီးက်န္မႈေတြၾကားက အားေပးခဲ့ဖူးတယ္ ငိုခ်င္လိုက္တာလို႔ ေျပာတဲ့သူကို မ်က္ရည္ေတြၾကားက ႏွစ္သိမ့္ေပးခဲ့ဖူးတယ္

ကိုယ္ေပးလိုက္တဲ့အရာေတြက တကယ္တမ္းက်ေတာ့ ကိုယ္ကိုယ္တိုင္လဲ ေမွ်ာ္လင့္ေတာင့္တေနတတ္တဲ့ အရာေတြခ်ည္းပါပဲ ဒါေပမယ့္ ဂ႐ုစိုက္တတ္တဲ့သူတစ္ေယာက္ရဲ႕ ဂ႐ုစိုက္ခံခ်င္တဲ့စိတ္ကို လ်စ္လ်ဴရႈထားၾကတာ မ်ားတယ္

အားေပးစကားေတြ ႏွစ္သိမ့္စကားေတြေျပာေနလြန္းလို႔ ရင့္က်က္ေနၿပီလို႔ အထင္ေရာက္သြားတာလဲ ျဖစ္ရင္ျဖစ္မွာပါ ဘယ္ေလာက္ပဲ ရင့္က်က္ပါတယ္ေျပာေျပာ ေလာကဓံရဲ႕ ထိုးခ်က္ေတြေအာက္မွာ တစ္ႀကိမ္တစ္ခါပဲ ျဖစ္ျဖစ္ ၿပိဳလဲက်ခ်င္လာတဲ့အခါေတြရွိပါတယ္ ဒီအခ်ိန္ ကိုယ့္ေဝဒနာေတြေကာ ဘယ္သူျမင္ေအာင္ ၾကည့္ခဲ့လဲ ကိုယ္ေပးလိုက္တဲ့အရာတိုင္းဟာ အၿမဲတမ္း ကိုယ့္မွာ ပိုေနလို႔ခ်ည္းမဟုတ္ဘူး တစ္ခါတစ္ရံ ဒုကၡျဖစ္ခံၿပီး ကူညီေပးလိုက္တာေတြမွ အမ်ားႀကီးပါ ဒါေတြလဲ ဘယ္သူမွ မျမင္ခဲ့ပါဘူး

တစ္ခါတစ္ေလေတာ့လဲ ရင့္က်က္သလိုေနေနရတာ အရမ္းကို ပင္ပန္းပါတယ္ စိတ္ရွိလက္ရွိ ၿပိဳလဲက်ပစ္လိုက္လို႔ရတဲ့ ေနရာေလးတစ္ေနရာပဲ ျဖစ္ျဖစ္ ကိုယ္အရႈံးမေပးဖို႔ အားေပးတတ္တဲ့ စကားလုံးေတြပဲျဖစ္ျဖစ္ လိုအပ္တတ္တာပဲေလ ဘ၀မွာ ဒဏ္ရာအနာတရ အမ်ားဆုံးလူက ပိုၿပီး စာနာတတ္တယ္ဆိုတာ သူတို႔မသိဘူး ။ ရႈိက္ႀကီးတငင္ငိုၿပီးမွ ၿပဳံးတဲ့အၿပဳံးက အလွဆုံးဆိုတာ သူတို႔မသိဘူး ။ ေပးႏိုင္လြန္းလို႔ဆိုတာထက္ ေပးခ်င္လြန္းလို႔ ေပးခဲ့တာေတြ သူတို႔မသိဘူး ။

သူတို႔အထင္မွာ ကိုယ္ဟာ အစစအရာရာအဆင္ေျပေနၿပီး အစစအရာရာ ခံႏိုင္ရည္ရွိေနတယ္လို႔ မွတ္ယူလိုက္ၾကတယ္ထင္တယ္ တကယ္ေတာ့ ကိုယ္လဲ လူထဲက လူပါပဲ

နာက်င္တတ္သလို ခံစားတတ္တယ္ တစ္ခါတစ္ေလက်ေတာ့လဲ ကိုယ္ေျပာမယ့္ စကားလုံးေတြကို နားေထာင္ေပးႏိုင္မယ့္ နားတစ္စုံေလး လိုခ်င္တယ္ ကိုယ္ လမ္းေတြ​ေပ်ာက္ေနတဲ့အခါ ေဖးမေပးမယ့္ လက္တစ္စုံလိုတယ္ ဘယ္ေလာက္ပဲ သန္မာေနပါေစ ကိုယ့္ကို နားလည္ေပးမယ့္ ရင္ခြင္တစ္စုံေတာ့ လူတိုင္းေတာင့္တၾကတာပဲေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း