ပျော်စေချင်ပါတယ်ဆိုတဲ့လူတွေက ကျွန်မကို ငိုစေတဲ့အခါ

ပျော်စေချင်ပါတယ်ဆိုတဲ့လူတွေက ကျွန်မကို ငိုစေတဲ့အခါ ကျွန်မမှာ သာမန်ထက် နင့်နင့်နဲနဲနာရတယ် ။ ဘယ်မိန်းကလေးမဆို … ဒီလူတော့ ငါ့အပေါ် ကြင်နာမှာပါ နွေးထွေးမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ အားကိုးဖို့ ရွေးခဲ့တာပါ ။

ဒီလူတော့ ငါ့ကို နာကျင်စေလဲ ဖြစ်ပါတယ်ဆိုတဲ့အတွေးနဲ့ ဘယ်မိန်းကလေးကမှ ဇွတ်တိုးခဲ့တာ မဟုတ်ဘူး ။ နောက်ဆုံး … တကယ်ချစ်မိသွားတဲ့အခါမှသာ နာကျင်စေမှန်းသိသိနဲ့ လက်တွေ မလွှတ်ခဲ့ပဲ ဆက်ပြီး ဆွဲထားမိကြတာပါ ။

ကျွန်မကို ပျော်စေချင်ပါတယ်ဆိုပြီး … ကျွန်မရဲ့နာကျင်မှုတွေကို လျစ်လျူရှုထားတတ်တဲ့ လူတစ်ယောက် ကျွန်မဘ၀ထဲမှာရှိတယ်။ အဲ့တာ ကျွန်မ ချစ်သူပေါ့ ။ မရည်ရွယ်ပါပဲဖြစ်သွားတာပါဆိုတဲ့စကားတွေ နဲ့ အမှားတစ်ခုကို ခဏခဏလုပ်တဲ့သူလေ ။ ကိုယ်ဂရုစိုက်ချင်ပေမယ့်ဆိုတဲ့ အနောက်မှာ အမြဲ ပစ်ထားခြင်းခံခဲ့ရတယ် ။

အလေးထားပါတယ်ဆိုတာကတော့ တကယ့်ကို စကားလုံးလေးပါပဲ ။ တကယ်တမ်းကျတော့ ဘယ်နေရာမှာမှ သူအလေးမထားခဲ့ဘူး ။ မွေးနေ့ … အမှတ်တရနေ့ … ထူးထူးခြားခြားနေ့ ဘာတစ်ခုမှ သူ သတိမရခဲ့ဘူး ။ သူသတိတရရှိတာဆိုလို့ အချိန်မှန်မှန် ပစ်ထားပြီး ဂိမ်းဆော့ဖို့လောက်ပဲ သိတာပါ ။

ဘ၀မှာ … ကိုယ့်ကိုယ်မုန်းပါတယ်ဆိုတဲ့လူတွေ ကြောင့် ကြီးကြီးမားမားထိခိုက်နာကျင်ခဲ့ရတာတွေ မရှိခဲ့ပဲ ကိုယ့်ကို ချစ်ပါတယ်ဆိုတဲ့ လူတွေကြောင့်ပဲ ကျွန်မ အချိန်အကြာကြီး နာကျင်ခဲ့ဖူးပါတယ် ။ ပြီးတော့ … ပျော်စေချင်ပါတယ်ဆိုတဲ့သူက ငိုစေတဲ့အခါ ကျွန်မ ပိုပြီး ငိုခဲ့ရတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေပ်ာ္ေစခ်င္ပါတယ္ဆိုတဲ့လူေတြက ကြၽန္မကို ငိုေစတဲ့အခါ ကြၽန္မမွာ သာမန္ထက္ နင့္နင့္နဲနဲနာရတယ္ ။ ဘယ္မိန္းကေလးမဆို … ဒီလူေတာ့ ငါ့အေပၚ ၾကင္နာမွာပါ ေႏြးေထြးမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ပဲ အားကိုးဖို႔ ေ႐ြးခဲ့တာပါ ။

ဒီလူေတာ့ ငါ့ကို နာက်င္ေစလဲ ျဖစ္ပါတယ္ဆိုတဲ့အေတြးနဲ႔ ဘယ္မိန္းကေလးကမွ ဇြတ္တိုးခဲ့တာ မဟုတ္ဘူး ။ ေနာက္ဆုံး … တကယ္ခ်စ္မိသြားတဲ့အခါမွသာ နာက်င္ေစမွန္းသိသိနဲ႔ လက္ေတြ မလႊတ္ခဲ့ပဲ ဆက္ၿပီး ဆြဲထားမိၾကတာပါ ။

ကြၽန္မကို ေပ်ာ္ေစခ်င္ပါတယ္ဆိုၿပီး … ကြၽန္မရဲ႕နာက်င္မႈေတြကို လ်စ္လ်ဴရႈထားတတ္တဲ့ လူတစ္ေယာက္ ကြၽန္မဘ၀ထဲမွာရွိတယ္။ အဲ့တာ ကြၽန္မ ခ်စ္သူေပါ့ ။ မရည္႐ြယ္ပါပဲျဖစ္သြားတာပါဆိုတဲ့စကားေတြ နဲ႔ အမွားတစ္ခုကို ခဏခဏလုပ္တဲ့သူေလ ။ ကိုယ္ဂ႐ုစိုက္ခ်င္ေပမယ့္ဆိုတဲ့ အေနာက္မွာ အၿမဲ ပစ္ထားျခင္းခံခဲ့ရတယ္ ။

အေလးထားပါတယ္ဆိုတာကေတာ့ တကယ့္ကို စကားလုံးေလးပါပဲ ။ တကယ္တမ္းက်ေတာ့ ဘယ္ေနရာမွာမွ သူအေလးမထားခဲ့ဘူး ။ ေမြးေန႔ … အမွတ္တရေန႔ … ထူးထူးျခားျခားေန႔ ဘာတစ္ခုမွ သူ သတိမရခဲ့ဘူး ။ သူသတိတရရွိတာဆိုလို႔ အခ်ိန္မွန္မွန္ ပစ္ထားၿပီး ဂိမ္းေဆာ့ဖို႔ေလာက္ပဲ သိတာပါ ။

ဘ၀မွာ … ကိုယ့္ကိုယ္မုန္းပါတယ္ဆိုတဲ့လူေတြ ေၾကာင့္ ႀကီးႀကီးမားမားထိခိုက္နာက်င္ခဲ့ရတာေတြ မရွိခဲ့ပဲ ကိုယ့္ကို ခ်စ္ပါတယ္ဆိုတဲ့ လူေတြေၾကာင့္ပဲ ကြၽန္မ အခ်ိန္အၾကာႀကီး နာက်င္ခဲ့ဖူးပါတယ္ ။ ၿပီးေတာ့ … ေပ်ာ္ေစခ်င္ပါတယ္ဆိုတဲ့သူက ငိုေစတဲ့အခါ ကြၽန္မ ပိုၿပီး ငိုခဲ့ရတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း