သူ့ကို ချစ်တယ်ဆိုတာထက်ပိုတဲ့ ချစ်ခြင်းမျိုးနဲ့ချစ်ခဲ့တာပါ

သိပ်ချစ်လွန်းလို့…..

သူ့ကို ချစ်တယ်ဆိုတာထက်ပိုတဲ့ ချစ်ခြင်းမျိုးနဲ့ချစ်ခဲ့တာပါ .. ဘယ်လောက်ထိချစ်လဲလို့မေးရင် ဘာနဲ့မှတော့ နှိုင်းပြလို့မရဘူး သိပ်ချစ်တာပေါ့လို့ပဲဖြေတတ်တယ် … ဘာကြောင့်ချစ်မိခဲ့လဲဆိုတဲ့ အဖြေတွေမရှိဘူး ဘယ်လောက်ထိ ချစ်မှာလဲဆိုတာတွေ မသိဘူး .. ကျွန်မသိတာ သူ့ကို သိပ်ချစ်လွန်းခဲ့တာတော့သိတယ် ။

လိမ်နေမှန်းမသိအောင် ကျွန်မ မတုံးအခဲ့ပါဘူး .. ဒါပေမယ့် သူလိမ်နေတဲ့အခါ ကျွန်မ ငြိမ်ငြိမ်လေးပဲ နားထောင်ဖြစ်တယ် .. ဘာကြောင့်လဲလို့မေးရင် ကျွန်မမှာ အဖြေမရှိဘူး လိမ်နေမှန်းသိသိ်ိရဲ့နဲ့တောင် ငြိမ်ပြီးခံနေတဲ့အထိ ကျွန်မ ကန်းနေမိတယ် ထင်တယ် ။ သူ့နေရာမှာ တခြားတစ်ယောက်သာဆိုရင် ကျွန်မ ဒီလိုနားထောင်ဖြစ်မှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်

အမှားတွေရှိလာတဲ့အခါ ခွင့်လွှတ်နေမိတုန်းပဲ ။ လူပဲလေ အမှားနဲ့မကင်းပါဘူးဆိုတဲ့အတွေးနဲ့ အမှားတွေကို တစ်ကြိမ်မက နှစ်ကြိမ်မက ကျွန်မ ခွင့်လွှတ်နေခဲ့မိတာ အဲ့ဒီအရာက ကျွန်မကိုယ်ကျွန်မ မှားနေမှန်းသိပေမယ့် သူနဲ့ပတ်သက်လာရင် ပြင်လို့မရသေးဘူး ။ ကောင်းဖို့အတွက် ဘေးက လူတွေပြောမှန်းသိပေမယ့်လဲ အဲ့ဒီလူတွေကိုပဲ ကိုယ်ကိုယ်တိုင်က ဆန့်ကျင်နေမိတဲ့အထိ သူ့ကို ကျွန်မ သိပ်ချစ်ခဲ့တာ ။

ကတိတွေးပေးတဲ့အခါ … မျှော်လင့်တကြီးနဲ့စောင့်စားတယ် အဲ့ဒီကတိတွေက ဖြစ်မလာတဲ့အခါ ကိုယ်ပဲမျက်ရည်ကျရတယ် .. ဒီ့အပြင်သူ့ကို စိတ်နာမိလားဆိုတော့ စိတ်မနာမိခဲ့သေးတယ် … နောက်ထပ်ကတိတွေပေးလဲ ဆက်ပြီး ယုံပြီး ဆက်ပြီးမျှော်လင့်နေမိသေးတာပါပဲ ဖြစ်မလာမှန်းသိသိနဲ့ပေါ့ ။

ဘာပဲဖြစ်ဖြစ် သူ့ကို သိပ်ချစ်လွန်းလို့ကျွန်မ ရူးမိုက်နေမိတာတော့ ဝန်ခံပါတယ် .. အဲ့ဒီအရာက ကျွန်မအမှားဆိုရင်လဲ ကျွန်မ ကျေကျေနပ်နပ်ခံယူတယ် .. ဝဋ်ဆိုလဲထားလိုက်ပါ ကျွန်မ ပြုံးပြုံးလေးဆပ်မယ် ကျွန်မ ချစ်နိုင်တဲ့အထိ အတတ်နိုင်ဆက်ချစ်သွားမယ် … အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာခဲ့သလို သူ့အပေါ်လဲ မလိမ်ညာခဲ့ဘူး … သူ့ကို သိပ်ချစ်လွန်းလို့သာ ကျွန်မ ဆက်ပြီး ရပ်နေခဲ့တာပါ တကယ်တမ်းကျတော့ ပျော်ရတဲ့ရက်တွေထက် ငိုရတဲ့ညတွေက ပိုများမှန်း လူတိုင်းသိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သိပ္ခ်စ္လြန္းလို႔…..

သူ႔ကို ခ်စ္တယ္ဆိုတာထက္ပိုတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႔ခ်စ္ခဲ့တာပါ .. ဘယ္ေလာက္ထိခ်စ္လဲလို႔ေမးရင္ ဘာနဲ႔မွေတာ့ ႏႈိင္းျပလို႔မရဘူး သိပ္ခ်စ္တာေပါ့လို႔ပဲေျဖတတ္တယ္ … ဘာေၾကာင့္ခ်စ္မိခဲ့လဲဆိုတဲ့ အေျဖေတြမရွိဘူး ဘယ္ေလာက္ထိ ခ်စ္မွာလဲဆိုတာေတြ မသိဘူး .. ကြၽန္မသိတာ သူ႔ကို သိပ္ခ်စ္လြန္းခဲ့တာေတာ့သိတယ္ ။

လိမ္ေနမွန္းမသိေအာင္ ကြၽန္မ မတုံးအခဲ့ပါဘူး .. ဒါေပမယ့္ သူလိမ္ေနတဲ့အခါ ကြၽန္မ ၿငိမ္ၿငိမ္ေလးပဲ နားေထာင္ျဖစ္တယ္ .. ဘာေၾကာင့္လဲလို႔ေမးရင္ ကြၽန္မမွာ အေျဖမရွိဘူး လိမ္ေနမွန္းသိသိ္ိရဲ႕နဲ႔ေတာင္ ၿငိမ္ၿပီးခံေနတဲ့အထိ ကြၽန္မ ကန္းေနမိတယ္ ထင္တယ္ ။ သူ႔ေနရာမွာ တျခားတစ္ေယာက္သာဆိုရင္ ကြၽန္မ ဒီလိုနားေထာင္ျဖစ္မွာ မဟုတ္ဘူးဆိုတာေတာ့ ေသခ်ာပါတယ္

အမွားေတြရွိလာတဲ့အခါ ခြင့္လႊတ္ေနမိတုန္းပဲ ။ လူပဲေလ အမွားနဲ႔မကင္းပါဘူးဆိုတဲ့အေတြးနဲ႔ အမွားေတြကို တစ္ႀကိမ္မက ႏွစ္ႀကိမ္မက ကြၽန္မ ခြင့္လႊတ္ေနခဲ့မိတာ အဲ့ဒီအရာက ကြၽန္မကိုယ္ကြၽန္မ မွားေနမွန္းသိေပမယ့္ သူနဲ႔ပတ္သက္လာရင္ ျပင္လို႔မရေသးဘူး ။ ေကာင္းဖို႔အတြက္ ေဘးက လူေတြေျပာမွန္းသိေပမယ့္လဲ အဲ့ဒီလူေတြကိုပဲ ကိုယ္ကိုယ္တိုင္က ဆန္႔က်င္ေနမိတဲ့အထိ သူ႔ကို ကြၽန္မ သိပ္ခ်စ္ခဲ့တာ ။

ကတိေတြးေပးတဲ့အခါ … ေမွ်ာ္လင့္တႀကီးနဲ႔ေစာင့္စားတယ္ အဲ့ဒီကတိေတြက ျဖစ္မလာတဲ့အခါ ကိုယ္ပဲမ်က္ရည္က်ရတယ္ .. ဒီ့အျပင္သူ႔ကို စိတ္နာမိလားဆိုေတာ့ စိတ္မနာမိခဲ့ေသးတယ္ … ေနာက္ထပ္ကတိေတြေပးလဲ ဆက္ၿပီး ယုံၿပီး ဆက္ၿပီးေမွ်ာ္လင့္ေနမိေသးတာပါပဲ ျဖစ္မလာမွန္းသိသိနဲ႔ေပါ့ ။

ဘာပဲျဖစ္ျဖစ္ သူ႔ကို သိပ္ခ်စ္လြန္းလို႔ကြၽန္မ ႐ူးမိုက္ေနမိတာေတာ့ ဝန္ခံပါတယ္ .. အဲ့ဒီအရာက ကြၽန္မအမွားဆိုရင္လဲ ကြၽန္မ ေက်ေက်နပ္နပ္ခံယူတယ္ .. ဝဋ္ဆိုလဲထားလိုက္ပါ ကြၽန္မ ၿပဳံးၿပဳံးေလးဆပ္မယ္ ကြၽန္မ ခ်စ္ႏိုင္တဲ့အထိ အတတ္ႏိုင္ဆက္ခ်စ္သြားမယ္ … အနည္းဆုံးေတာ့ ကိုယ့္ကိုယ္ကိုယ္ မလိမ္ညာခဲ့သလို သူ႔အေပၚလဲ မလိမ္ညာခဲ့ဘူး … သူ႔ကို သိပ္ခ်စ္လြန္းလို႔သာ ကြၽန္မ ဆက္ၿပီး ရပ္ေနခဲ့တာပါ တကယ္တမ္းက်ေတာ့ ေပ်ာ္ရတဲ့ရက္ေတြထက္ ငိုရတဲ့ညေတြက ပိုမ်ားမွန္း လူတိုင္းသိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း