ဒီအကြောင်းတွေ ရှင့်ကို သိစေချင် မြင်စေချင်သေးတယ်

ရှင်သိရဲ့လား . . . . ကျွန်မတို့ မိန်းမသားဆိုတာ အချစ်ကို ယောက်ျားသားတွေထက် ပိုပြီး ကိုးကွယ်ချင်ကြတယ် တစ်ယောက်တည်းရှိနေတဲ့အခါ ဘယ်လောက်ပဲ သန်မာသန်မာ ကိုယ့်ချစ်သူဘေးနားရောက်တဲ့အခါ ရေဗူးတောင် မဖွင့်နိုင်တော့ဘူးဆိုတာ တကယ်တော့ ဂရုစိုက်မှုကိုလိုချင်လို့ပါ

သူ ငါ့ကို ဂရုစိုက်ပါလားဆိုတဲ့အတွေးနဲ့ ဘာမဟုတ်တာလေးက အစ ကြည်နူးချင်မိတာ ။ရှင်သိရဲ့လား . . . .ကျွန်မ စိတ်ဆိုးတယ် စိတ်ကောက်တယ်ဆိုတာ အချော့ခံချင်လို့ ပစ်ထားခံချင်လို့မဟုတ်ဘူးလေအော် ငါ့အပေါ် အလျှော့ပေးပါလားဆိုတဲ့ စိတ်လေးနဲ့ ခဏတဖြုတ်ဖြစ်ဖြစ် ကြည်နူးခွင့်လေးတောင် ကျွန်မမှာ မရှိဘူးလား

ရှင်သိရဲ့လား . . . အမှတ်တရနေ့တွေမှာ လက်ဆောင်ပစ္စည်းလေးတွေလိုချင်တယ်ဆိုတာ ကျွန်မ မက်လို့ မဟုတ်ဘူး ကျွန်မ အပေါင်းအသင်းတွေကြားမှာ သူက ငါ့ကို အဲ့လိုပေးတာဆိုပြီး ကြွားချင်ရုံသက်သက်ပါ ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုတွေ အလေးထားမှုတွေကို ဘယ်မိန်းကလေးမဆို လိုချင်တောင့်တ ကြတာချည်းပါပဲ

ရှင်သိရဲ့လား . . . . လို့ ကျွန်မ မေးနေမိတာပဲ အားနာတယ် ဒါတွေ ရှင်ဘာတစ်ခုမှ မသိခဲ့ဘူးလေ ကျွန်မ ရစ်တာကိုပဲမြင်တယ် ကျွန်မချစ်တာကို မမြင်ခဲ့မတွေ့ခဲ့ဘူး ကျွန်မ စိတ်ဆိုး စိတ်ကောက်တာပဲ ရှင်မြင်တယ် တစ်ဖက်မှာ ငါ့ကို စိတ်များပျက်သွားပြီလားဆိုတဲ့ ​စိုးရိမ်စိတ်တွေ ရှင်မမြင်ဘူး ကျွန်မ အပြစ်ပြောနေတာတွေပဲ ရှင်မြင်တယ် တစ်ဖက်မှာ ဘယ်သူက ရှင်အကြောင်းမေးမေး အကောင်းချည်းကွက်ပြောခဲ့တာ ရှင်မသိခဲ့ မမြင်ခဲ့ဘူး

တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် ဒီအကြောင်းတွေ ရှင့်ကို သိစေချင် မြင်စေချင်သေးတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ရွင္သိရဲ႕လား . . . . ကြၽန္မတို႔ မိန္းမသားဆိုတာ အခ်စ္ကို ေယာက္်ားသားေတြထက္ ပိုၿပီး ကိုးကြယ္ခ်င္ၾကတယ္ တစ္ေယာက္တည္းရွိေနတဲ့အခါ ဘယ္ေလာက္ပဲ သန္မာသန္မာ ကိုယ့္ခ်စ္သူေဘးနားေရာက္တဲ့အခါ ေရဗူးေတာင္ မဖြင့္ႏိုင္ေတာ့ဘူးဆိုတာ တကယ္ေတာ့ ဂ႐ုစိုက္မႈကိုလိုခ်င္လို႔ပါ

သူ ငါ့ကို ဂ႐ုစိုက္ပါလားဆိုတဲ့အေတြးနဲ႔ ဘာမဟုတ္တာေလးက အစ ၾကည္ႏူးခ်င္မိတာ ။ရွင္သိရဲ႕လား . . . .ကြၽန္မ စိတ္ဆိုးတယ္ စိတ္ေကာက္တယ္ဆိုတာ အေခ်ာ့ခံခ်င္လို႔ ပစ္ထားခံခ်င္လို႔မဟုတ္ဘူးေလေအာ္ ငါ့အေပၚ အေလွ်ာ့ေပးပါလားဆိုတဲ့ စိတ္ေလးနဲ႔ ခဏတျဖဳတ္ျဖစ္ျဖစ္ ၾကည္ႏူးခြင့္ေလးေတာင္ ကြၽန္မမွာ မရွိဘူးလား

ရွင္သိရဲ႕လား . . . အမွတ္တရေန႔ေတြမွာ လက္ေဆာင္ပစၥည္းေလးေတြလိုခ်င္တယ္ဆိုတာ ကြၽန္မ မက္လို႔ မဟုတ္ဘူး ကြၽန္မ အေပါင္းအသင္းေတြၾကားမွာ သူက ငါ့ကို အဲ့လိုေပးတာဆိုၿပီး ႂကြားခ်င္႐ုံသက္သက္ပါ ကိုယ့္ခ်စ္သူဆီက ဂ႐ုစိုက္မႈေတြ အေလးထားမႈေတြကို ဘယ္မိန္းကေလးမဆို လိုခ်င္ေတာင့္တ ၾကတာခ်ည္းပါပဲ

ရွင္သိရဲ႕လား . . . . လို႔ ကြၽန္မ ေမးေနမိတာပဲ အားနာတယ္ ဒါေတြ ရွင္ဘာတစ္ခုမွ မသိခဲ့ဘူးေလ ကြၽန္မ ရစ္တာကိုပဲျမင္တယ္ ကြၽန္မခ်စ္တာကို မျမင္ခဲ့မေတြ႕ခဲ့ဘူး ကြၽန္မ စိတ္ဆိုး စိတ္ေကာက္တာပဲ ရွင္ျမင္တယ္ တစ္ဖက္မွာ ငါ့ကို စိတ္မ်ားပ်က္သြားၿပီလားဆိုတဲ့ ​စိုးရိမ္စိတ္ေတြ ရွင္မျမင္ဘူး ကြၽန္မ အျပစ္ေျပာေနတာေတြပဲ ရွင္ျမင္တယ္ တစ္ဖက္မွာ ဘယ္သူက ရွင္အေၾကာင္းေမးေမး အေကာင္းခ်ည္းကြက္ေျပာခဲ့တာ ရွင္မသိခဲ့ မျမင္ခဲ့ဘူး

တစ္ႀကိမ္တစ္ခါေလာက္ပဲျဖစ္ျဖစ္ ဒီအေၾကာင္းေတြ ရွင့္ကို သိေစခ်င္ ျမင္ေစခ်င္ေသးတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း