ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ

ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ ။

လူတစ်ယောက်ကို ချစ်မိလာတာနဲ့အမျှ အနောက်မှာ ပိုင်ဆိုင်ချင်တဲ့ အတ္တတွေ ကပ်ပြီးပါလာတတ်တာ သဘာ၀တွေထဲက သဘာ၀တစ်ခုပါ ။ ဒီအထဲမှာမှ ပိုပြီး ချစ်မိတဲ့သူ ပိုပြီး အဆုံးရှုံးမခံနိုင်တာက ပိုပြီးသာတာပေါ့

အချစ် . . . ပေးဆပ်ခြင်းလို့ အဓိပ္ပါယ်ဖြစ်ကြတဲ့ သူတွေလဲ ရှိတယ် ။ သူ သိသည်ဖြစ်စေမသိဘူးဖြစ်စေ ချစ်နေရခြင်းကသာ အချစ် လို့ ခေါင်းစဥ်တပ်ကြတဲ့ သူတွေလဲ ရှိတယ် ။ ကျွန်မ ခံယူချက်တော့ အတ္တ နဲနဲဆန်ကော ဆန်နိုင်ပါတယ် ။ သို့သော် . . . ကိုယ်ချစ်ရ ကြင်နာရတဲ့ သူကို ဘ၀ထဲက ထွက်မသွားစေချင်တာတော့ လူတိုင်းနဲ့ ခံစားချက်ချင်းတူမှာပါ ။

ဒါပေမယ့် ကျွန်မ သူ့အပေါ် ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့ ချည်ခဲ့မိတာပါ ။ မိန်းမ မာယာဆိုတဲ့ အရာကို ကျွန်မ မသိနားမလည်ခဲ့သလို ကျွန်မ ထုတ်ပြီးတော့လဲ မသုံးတတ်ခဲ့ဘူး ။ စိတ်ထဲမှာ ရှိတဲ့အတိုင်း ကိုယ်ခံစားခဲ့ရတဲ့အတိုင်း ဘာမုသားမှ မပါပဲ အရိုးသားဆုံးလေး ၀န်ခံခဲ့မိတာပါ ။ ကျွန်မမှာ အားနည်းချက်တွေ ရှိလာတဲ့အခါ လမ်းပြလေမလားဆိုတဲ့ စိတ်လေးနဲ့ ၀န်ခံခဲ့မိတယ် ။ ကျွန်မမှာ အမှားတွေ ရှိလာတဲ့အခါ မာနတွေမထားပဲ တောင်းပန်ခဲ့မိတယ် ။

အချစ်ကို ကိုးကွယ်တတ်တဲ့ မိန်းမ မဟုတ်ပေမယ့် အချစ်နဲ့ ပတ်သက်ရင် နဲနဲလေးတော့ အကဲပိုတတ်ပါတယ် စိတ်ပူတာ စိတ်မချတာ တွေလဲ ပိုတယ် ။ ဒါပေမယ့် . . .အဲ့ဒီစိတ်ပူတာတွေ စိတ်မချတာတွေအနောက်မှာ ဆုံးရှုံးရမှာကြောက်တဲ့ စိတ်လေးတစ်ခုတည်းပဲ ရှိခဲ့တာ ကျန်တဲ့ အရာတွေ ဘာဆိုဘာမှ မရှိခဲ့ဘူး ။

ကျွန်မ . . . ချစ်ခြင်းနဲ့ပဲ ချည်ခဲ့တာပါ ။ ဒါပေမယ့် ကျွန်မ ချစ်ခြင်းတွေကို နားမလည်ခဲ့တဲ့ လူနဲ့ပဲ ဆုံခဲ့တာကလဲ ကံကြမ္မာပါ ။ အတ္တ ကြီးလိုက်တာ နေရာတကာ ပါတယ်ဆိုတဲ့ ခေါင်းစဥ်တွေတပ်ပြီး မင်းကိုတော့ နားမလည်နိုင်တော့ဘူးဆိုတဲ့ စကားလုံးတွေ အနောက်မှာ အမြဲ အချစ်ရေးကံမကောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ ။ ဒီအတွက် ၀မ်းမနည်းမိသလို ဘာနောင်တမှ လဲ မရှိခဲ့ပါဘူး ။ ကျွန်မ ဘ၀မှာ ကိုယ့်ဘက်က တတ်နိုင်သလောက် ဖြူစင်ခဲ့သလို ကိုယ်ပေးနိုင်တဲ့ မေတ္တာတွေလဲ ပေးခဲ့ဖူးပါတယ် တစ်ဖက်က . . . နားလည်တာ နားမလည်တာ ယူတတ်တာ မယူတတ်တာကတော့ . . . ကျွန်မနဲ့ သက်ဆိုင်တဲ့အရာ မဟုတ်တော့ဘူးလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခ်စ္ျခင္းျဖင့္သာ ခ်ည္ခဲ့တာပါ ။

လူတစ္ေယာက္ကို ခ်စ္မိလာတာနဲ႔အမွ် အေနာက္မွာ ပိုင္ဆိုင္ခ်င္တဲ့ အတၱေတြ ကပ္ၿပီးပါလာတတ္တာ သဘာ၀ေတြထဲက သဘာ၀တစ္ခုပါ ။ ဒီအထဲမွာမွ ပိုၿပီး ခ်စ္မိတဲ့သူ ပိုၿပီး အဆုံးရႈံးမခံႏိုင္တာက ပိုၿပီးသာတာေပါ့

အခ်စ္ . . . ေပးဆပ္ျခင္းလို႔ အဓိပၸါယ္ျဖစ္ၾကတဲ့ သူေတြလဲ ရွိတယ္ ။ သူ သိသည္ျဖစ္ေစမသိဘူးျဖစ္ေစ ခ်စ္ေနရျခင္းကသာ အခ်စ္ လို႔ ေခါင္းစဥ္တပ္ၾကတဲ့ သူေတြလဲ ရွိတယ္ ။ ကြၽန္မ ခံယူခ်က္ေတာ့ အတၱ နဲနဲဆန္ေကာ ဆန္ႏိုင္ပါတယ္ ။ သို႔ေသာ္ . . . ကိုယ္ခ်စ္ရ ၾကင္နာရတဲ့ သူကို ဘ၀ထဲက ထြက္မသြားေစခ်င္တာေတာ့ လူတိုင္းနဲ႔ ခံစားခ်က္ခ်င္းတူမွာပါ ။

ဒါေပမယ့္ ကြၽန္မ သူ႔အေပၚ ခ်စ္ျခင္းေမတၱာ တစ္ခုတည္းနဲ႔ ခ်ည္ခဲ့မိတာပါ ။ မိန္းမ မာယာဆိုတဲ့ အရာကို ကြၽန္မ မသိနားမလည္ခဲ့သလို ကြၽန္မ ထုတ္ၿပီးေတာ့လဲ မသုံးတတ္ခဲ့ဘူး ။ စိတ္ထဲမွာ ရွိတဲ့အတိုင္း ကိုယ္ခံစားခဲ့ရတဲ့အတိုင္း ဘာမုသားမွ မပါပဲ အ႐ိုးသားဆုံးေလး ၀န္ခံခဲ့မိတာပါ ။ ကြၽန္မမွာ အားနည္းခ်က္ေတြ ရွိလာတဲ့အခါ လမ္းျပေလမလားဆိုတဲ့ စိတ္ေလးနဲ႔ ၀န္ခံခဲ့မိတယ္ ။ ကြၽန္မမွာ အမွားေတြ ရွိလာတဲ့အခါ မာနေတြမထားပဲ ေတာင္းပန္ခဲ့မိတယ္ ။

အခ်စ္ကို ကိုးကြယ္တတ္တဲ့ မိန္းမ မဟုတ္ေပမယ့္ အခ်စ္နဲ႔ ပတ္သက္ရင္ နဲနဲေလးေတာ့ အကဲပိုတတ္ပါတယ္ စိတ္ပူတာ စိတ္မခ်တာ ေတြလဲ ပိုတယ္ ။ ဒါေပမယ့္ . . .အဲ့ဒီစိတ္ပူတာေတြ စိတ္မခ်တာေတြအေနာက္မွာ ဆုံးရႈံးရမွာေၾကာက္တဲ့ စိတ္ေလးတစ္ခုတည္းပဲ ရွိခဲ့တာ က်န္တဲ့ အရာေတြ ဘာဆိုဘာမွ မရွိခဲ့ဘူး ။

ကြၽန္မ . . . ခ်စ္ျခင္းနဲ႔ပဲ ခ်ည္ခဲ့တာပါ ။ ဒါေပမယ့္ ကြၽန္မ ခ်စ္ျခင္းေတြကို နားမလည္ခဲ့တဲ့ လူနဲ႔ပဲ ဆုံခဲ့တာကလဲ ကံၾကမၼာပါ ။ အတၱ ႀကီးလိုက္တာ ေနရာတကာ ပါတယ္ဆိုတဲ့ ေခါင္းစဥ္ေတြတပ္ၿပီး မင္းကိုေတာ့ နားမလည္ႏိုင္ေတာ့ဘူးဆိုတဲ့ စကားလုံးေတြ အေနာက္မွာ အၿမဲ အခ်စ္ေရးကံမေကာင္းတတ္တဲ့ ေကာင္မေလးတစ္ေယာက္ေပါ့ ။ ဒီအတြက္ ၀မ္းမနည္းမိသလို ဘာေနာင္တမွ လဲ မရွိခဲ့ပါဘူး ။ ကြၽန္မ ဘ၀မွာ ကိုယ့္ဘက္က တတ္ႏိုင္သေလာက္ ျဖဴစင္ခဲ့သလို ကိုယ္ေပးႏိုင္တဲ့ ေမတၱာေတြလဲ ေပးခဲ့ဖူးပါတယ္ တစ္ဖက္က . . . နားလည္တာ နားမလည္တာ ယူတတ္တာ မယူတတ္တာကေတာ့ . . . ကြၽန္မနဲ႔ သက္ဆိုင္တဲ့အရာ မဟုတ္ေတာ့ဘူးေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း