လက်ရှိအချိန်မှာ ပျော်ပျော်နေတတ်ဖို့ လိုတယ်

လူတွေက အတိတ်ကို ပြန်ပြီး ကြည့်တဲ့အခါ များသောအားဖြင့် နာကျင်စရာတွေ ၀မ်းနည်းစရာတွေ လွမ်းမောစရာတွေကိုသာ ပြန်ပြီး သတိရတတ်ကြတာ များတယ် အတိတ်ကိုတွေးပြီး ကြည်နူးဖို့ မေ့နေတတ်ကြတယ်

တကယ်ဆို . . . နာကျင်စရာကောင်းတဲ့အတိတ်ကိုဆိုရင် ခဏခဏ ပြန်မတွေးတာ ကောင်းမယ် မကြာခဏ ပြန်တွေးပြီး မကြာခဏ ပြန်ပြီးနာကျင်ရတာပဲ အဖတ်တင်ကျန်ရစ်ခဲ့တယ်လေ လက်ရှိ ပစ္စုပ္ပန်မှာ ပျော်ပျော်နေဖို့ မေ့သွားကြတယ် လက်ရှိ ကိုယ်ပိုင်နေတဲ့အချိန်လေးကို နာကျင်ခြင်းတွေနဲ့ အလဟသ ဖြတ်သန်းပစ်လိုက်တယ်

မကောင်းတဲ့ အတိတ်တွေ ရှိလာခဲ့တဲ့အခါ နာပါခဏခဏပြန်တွေးပြီး ၀မ်းနည်းကြေကွဲမနေပါနဲ့ အတိတ်တုန်းကလို နောက်တစ်ခါပြန်မဖြစ်ဖို့ လက်ရှိမှာ . . . . ဆင်ခြင်ဖို့လိုတယ် ကြိုးစားနေဖို့ လိုတယ် ​ကြေကွဲစရာကောင်းတဲ့အတိတ်ကို ပတ်၀န်းကျင်ကလူတွေ မေ့သွားတဲ့ထိ ကိုယ်ကိုယ်တိုင် ပျော်နေဖို့ လိုတယ် ။

နာကျင်စရာကောင်းတဲ့အတိတ်ကို ခဏလောက်မေ့ထားပြီး လက်ရှိအချိန်မှာ ပျော်ပျော်နေတတ်ဖို့ လိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း





မိန်းမသားတို့အတွက်
သျှင်ယွန်း