အရှိကို အရှိအတိုင်း လက်ခံဖို့ ကျွန်မ သတ္တိမရှိခဲ့ဘူး

တစ်စုံတစ်ယောက်က ကျွန်မကို နာကျင်စေတဲ့အခါ ငါ ဘာများမှားလို့လဲဆိုပြီး ကိုယ့်အပြစ်ကိုယ် အရင်ကြည့်တယ်စွန့်လွှတ်လိုက်ဖို့ သတိမရခဲ့ဘူး . . . . .

တစ်စုံတစ်ယောက်က ကျွန်မကို မချစ်တော့တဲ့အခါ ငါ့ချစ်တာကို ဘာလို့ သူမသိရတာဆိုပြီး ကံကြမ္မာကို အရင်ဆုံးအပြစ်ရှာတယ် သူမှ မချစ်တာဆိုပြီး ရဲရဲကြီး လက်သင့်မခံနိုင်ခဲ့ဘူး . . . .

တစ်စုံတစ်ယောက်က ကျွန်မ အနားကထွက်သွားတဲ့အခါ ခဏထွက်သွားတာပါ ပြီးရင် ပြန်လာမှာပါဆိုပြီး ကိုယ့်ကိုကိုယ် လိမ်ညာတယ် လိုချင်တာတွေ မကျန်တော့လို့ ကျောခိုင်းသွားခဲ့တာတယ်ဆိုတာကို ကျွန်မ ရေးရေးလေးမှ မတွေးမိခဲ့ဘူး ။

ရှင်တို့ထင်နေသလိုပါပဲ ကျွန်မက သိပ်အတာ အမှန်တရားကြီးကို မြင်နေလျက်နဲ့ မှားနေတဲ့အရာတွေချည်းကိုပဲ ဖြည့်ဖြည့်တွေးပြီး ကျွန်မကိုယ်ကျွန်မ နှစ်သိမ့်ဖို့ပဲကြိုးစားတယ် အရှိကို အရှိအတိုင်း လက်ခံဖို့ ကျွန်မ သတ္တိမရှိခဲ့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း





မိန်းမသားတို့အတွက်
သျှင်ယွန်း