လောကက အပေါ်ယံတွေ သိပ်ကို ပေါများတယ်

ကိုယ့်ကိုကိုယ် နှိမ့်ချတတ်ကောင်းပါတယ် ဒါပေမယ့် နိမ့်ကျမသွားစေနဲ့ ငါ က ဘာဖြစ်နေလို့ဆိုတဲ့ အသိနဲ့ မသိမ်ငယ်ပါနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိခြင်းဟာ အဆိုးဆုံးပဲ

ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့အခါ တစ်ပါးသူအပေါ် အားကိုးလိုစိတ် အရမ်းများတတ်တယ် ကိုယ် အားကိုးမိတဲ့သူက ကိုယ့်အပေါ်ကောင်းရင် တော်သေးတယ် ဒါပေမယ့် တော်တော်လေး ရှားပါတယ် နိမ့်ကျနေရင် ဆွဲထူပေးမယ့်လူထက် နင်းပြီးတက်သွားမယ့်လူတွေကြီးပဲ

အားကိုးမိရင် ယုံကြည်ကိုးစားလောက်အောင် နေထိုင်ကြတာထက် အနိုင်ယူချင်ကြတဲ့လူတွေချည်းပဲ ကိုယ့်ကိုကိုယ် အားကိုးတတ်တာပဲ ကောင်းပါတယ် ယုံကြည်မှုရှိရှိနေထိုင်ပါ မသိမ်ငယ်ပါနဲ့

ကိုယ့်မှာ အားနည်းချက်တွေ ရှိတဲ့အခါ အတတ်နိုင်ဆုံးပြင်ပါ ဘယ်သူ့ကိုမှ မမြင်စေနဲ့စာနာမယ့်လူတွေထက် လှောင်ရယ်ကြမယ့်လူတွေများတယ် တစ်သက်လုံး ပြောမဆုံးအောင် အခါအခွင့်သင့်တိုင်း စသလိုလိုနောက်သလိုလိုနဲ့ ဒေါက်ဖြုတ်ကြလိမ့်မယ်

ကိုယ့်အပေါ် ဖေးမတတ်တဲ့ လက်တွေကိုလဲ လေးစားပါ ပြီးတော့ တန်ဖိုးထားပါ ဆုံးရှုံးပြီးတော့မှ နောင်တရနေရတာမျိုး မဖြစ်စေချင်ဘူး ကိုယ့်ပန်းတိုင်ကိုယ်ကိုယ်တိုင် သတ်မှတ်ပြီး ကိုယ့်လမ်း ကိုယ်လျှောက်နေတာပဲ ကောင်းပါတယ် အဖော်မမက်နဲ့ တစ်စုံတစ်ယောက်ရှိမှလို့ မတွေးနဲ့

ဒီလမ်း ကိုယ်ကိုယ်တိုင်မှ မလျှောက်ရင် ဒီတစ်သက် ဘယ်တော့မှ မရောက်တော့ဘူး ကမ္ဘာကြီးက နည်းပညာတွေ တိုးတက်လာပေမယ့် လူတွေစာရိတ္တတွေ ဆုတ်ယုတ်သွားခဲ့ပြီးပြီလွယ်လွယ်လေးနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့ လောကက အပေါ်ယံတွေ သိပ်ကို ပေါများတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္ကိုကိုယ္ ႏွိမ့္ခ်တတ္ေကာင္းပါတယ္ ဒါေပမယ့္ နိမ့္က်မသြားေစနဲ႔ ငါ က ဘာျဖစ္ေနလို႔ဆိုတဲ့ အသိနဲ႔ မသိမ္ငယ္ပါနဲ႔ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈမရွိျခင္းဟာ အဆိုးဆုံးပဲ

ကိုယ့္ကိုကိုယ္ ယုံၾကည္မႈမရွိတဲ့အခါ တစ္ပါးသူအေပၚ အားကိုးလိုစိတ္ အရမ္းမ်ားတတ္တယ္ ကိုယ္ အားကိုးမိတဲ့သူက ကိုယ့္အေပၚေကာင္းရင္ ေတာ္ေသးတယ္ ဒါေပမယ့္ ေတာ္ေတာ္ေလး ရွားပါတယ္ နိမ့္က်ေနရင္ ဆြဲထူေပးမယ့္လူထက္ နင္းၿပီးတက္သြားမယ့္လူေတြႀကီးပဲ

အားကိုးမိရင္ ယုံၾကည္ကိုးစားေလာက္ေအာင္ ေနထိုင္ၾကတာထက္ အႏိုင္ယူခ်င္ၾကတဲ့လူေတြခ်ည္းပဲ ကိုယ့္ကိုကိုယ္ အားကိုးတတ္တာပဲ ေကာင္းပါတယ္ ယုံၾကည္မႈရွိရွိေနထိုင္ပါ မသိမ္ငယ္ပါနဲ႔

ကိုယ့္မွာ အားနည္းခ်က္ေတြ ရွိတဲ့အခါ အတတ္ႏိုင္ဆုံးျပင္ပါ ဘယ္သူ႔ကိုမွ မျမင္ေစနဲ႔စာနာမယ့္လူေတြထက္ ေလွာင္ရယ္ၾကမယ့္လူေတြမ်ားတယ္ တစ္သက္လုံး ေျပာမဆုံးေအာင္ အခါအခြင့္သင့္တိုင္း စသလိုလိုေနာက္သလိုလိုနဲ႔ ေဒါက္ျဖဳတ္ၾကလိမ့္မယ္

ကိုယ့္အေပၚ ေဖးမတတ္တဲ့ လက္ေတြကိုလဲ ေလးစားပါ ၿပီးေတာ့ တန္ဖိုးထားပါ ဆုံးရႈံးၿပီးေတာ့မွ ေနာင္တရေနရတာမ်ိဳး မျဖစ္ေစခ်င္ဘူး ကိုယ့္ပန္းတိုင္ကိုယ္ကိုယ္တိုင္ သတ္မွတ္ၿပီး ကိုယ့္လမ္း ကိုယ္ေလွ်ာက္ေနတာပဲ ေကာင္းပါတယ္ အေဖာ္မမက္နဲ႔ တစ္စုံတစ္ေယာက္ရွိမွလို႔ မေတြးနဲ႔

ဒီလမ္း ကိုယ္ကိုယ္တိုင္မွ မေလွ်ာက္ရင္ ဒီတစ္သက္ ဘယ္ေတာ့မွ မေရာက္ေတာ့ဘူး ကမာၻႀကီးက နည္းပညာေတြ တိုးတက္လာေပမယ့္ လူေတြစာရိတၱေတြ ဆုတ္ယုတ္သြားခဲ့ၿပီးၿပီလြယ္လြယ္ေလးနဲ႔ ဘယ္သူ႔ကိုမွ မယုံၾကည္ပါနဲ႔ ေလာကက အေပၚယံေတြ သိပ္ကို ေပါမ်ားတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း