ရင့်ကျက်သင့်သလောက်တော့ ရင့်ကျက်နေပြီ

ခေါင်းစဥ်တပ်လိုက်တာ လွယ်လွယ်လေးပါ ရင့်ကျက်မှု တဲ့ စကားလုံးလေး သုံးလုံးပဲ ဒါပေမယ့် လွယ်လွယ်လေး ရခဲ့တာတော့ မဟုတ်ဘူးပေါ့

ငယ်ငယ်က အသက်ကြီးလာရင် ရင့်ကျက်လာမယ်လို့တွေးခဲ့ဖူးတာကို ပြန်သတိရပြီး ကိုယ့်ကိုယ်ကိုယ် ရယ်ချင်လာတယ် ။ ကလေးအတွေးလေ ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ သက်ဆိုင်တယ်လို့ ယုံကြည်ထားတဲ့ ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုပေါ့ ။

တကယ် ဘ၀ထဲလဲ လျှောက်ရော ဖြတ်သန်းခဲ့ရသလောက် ကြုံတွေ့ခဲ့ရသလောက် သင်ခန်းစာ ယူနိုင်သလောက် ရင့်ကျက်လာနိုင်တယ်ဆိုတာ သဘောပေါက်စပြုလာတယ်

အခု ရင့်ကျက်သင့်သလောက် ရင့်ကျက်လာပါပြီအသက်အရွယ်နဲ့ မမျှတဲ့ ရင့်ကျက်မှုတွေရဖို့ အသက်အရွယ်နဲ့ မမျှတဲ့ ဒုက္ခတွေ လိုတယ်လေ အရင်ကလို မျက်ရည်မလွယ်တော့ဘူး အရင်ကလို တစ်ယောက်ယောက်မရှိတိုင်း အထီးမကျန်တော့ဘူး အရင်ကလို ဒုက္ခဖြစ်တိုင်း တစ်ယောက်ယောက်ကို မတတော့ဘူး အရင်ကလို တစ်စုံတစ်ယောက် မရှိလို့ မဖြစ်ဘူးလို့ မတွေးထားတော့ဘူး

အလုံးစုံ ရင့်ကျက်နေပြီလို့တော့ မဟုတ်ဘူးပေါ့ ရင့်ကျက်သင့်သလောက်တော့ ရင့်ကျက်နေပြီလို့ ထင်ပါတယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေခါင္းစဥ္တပ္လိုက္တာ လြယ္လြယ္ေလးပါ ရင့္က်က္မႈ တဲ့ စကားလုံးေလး သုံးလုံးပဲ ဒါေပမယ့္ လြယ္လြယ္ေလး ရခဲ့တာေတာ့ မဟုတ္ဘူးေပါ့

ငယ္ငယ္က အသက္ႀကီးလာရင္ ရင့္က်က္လာမယ္လို႔ေတြးခဲ့ဖူးတာကို ျပန္သတိရၿပီး ကိုယ့္ကိုယ္ကိုယ္ ရယ္ခ်င္လာတယ္ ။ ကေလးအေတြးေလ ရင့္က်က္မႈဆိုတာ အသက္အ႐ြယ္နဲ႔ သက္ဆိုင္တယ္လို႔ ယုံၾကည္ထားတဲ့ ကေလးတစ္ေယာက္ရဲ႕ ျဖဴစင္မႈေပါ့ ။

တကယ္ ဘ၀ထဲလဲ ေလွ်ာက္ေရာ ျဖတ္သန္းခဲ့ရသေလာက္ ႀကဳံေတြ႕ခဲ့ရသေလာက္ သင္ခန္းစာ ယူႏိုင္သေလာက္ ရင့္က်က္လာႏိုင္တယ္ဆိုတာ သေဘာေပါက္စျပဳလာတယ္

အခု ရင့္က်က္သင့္သေလာက္ ရင့္က်က္လာပါၿပီအသက္အ႐ြယ္နဲ႔ မမွ်တဲ့ ရင့္က်က္မႈေတြရဖို႔ အသက္အ႐ြယ္နဲ႔ မမွ်တဲ့ ဒုကၡေတြ လိုတယ္ေလ အရင္ကလို မ်က္ရည္မလြယ္ေတာ့ဘူး အရင္ကလို တစ္ေယာက္ေယာက္မရွိတိုင္း အထီးမက်န္ေတာ့ဘူး အရင္ကလို ဒုကၡျဖစ္တိုင္း တစ္ေယာက္ေယာက္ကို မတေတာ့ဘူး အရင္ကလို တစ္စုံတစ္ေယာက္ မရွိလို႔ မျဖစ္ဘူးလို႔ မေတြးထားေတာ့ဘူး

အလုံးစုံ ရင့္က်က္ေနၿပီလို႔ေတာ့ မဟုတ္ဘူးေပါ့ ရင့္က်က္သင့္သေလာက္ေတာ့ ရင့္က်က္ေနၿပီလို႔ ထင္ပါတယ္

မိန္းမသားတို႔အတြက္
သွ်င္ယြန္း