တစ်ယောက်တည်း တိတ်တိတ်လေးနေရတာကို သဘောကျတယ်

စိတ်ရှုပ်ထွေးနေတဲ့အခါ တစ်ယောက်တည်း တိတ်တိတ်လေးနေရတာကို သဘောကျတယ် နားလည်ပေးပါဆိုပြီး ဘယ်သူ့ကိုမှ ရင်ဖွင့်မပြချင်သလို ဘယ်သူနဲ့မှ လဲ မငြင်းခုန်ချင်ဘူး တိတ်ဆိတ်ငြိမ်သက်တဲ့အရပ်မှာ တစ်ယောက်တည်း ရပ်နေရတာကိုပဲ ဖြစ်ဖြစ် ဘယ်သူမှ မရှိတဲ့အရပ်မှာ ငိုကြွေးနေရတာကိုပဲ ဖြစ်ဖြစ် ကျွန်မ သဘောကျတယ်

အချိန်တွေအများကြီးမှာ တစ်ယောက်တည်းဖြတ်သန်းလာရတာတွေကြာလာတော့ လူကြားသူကြားဆို သိပ်ပြီးလဲ မသွားတတ် မသွားချင်လာတော့ဘူး လူများတဲ့အရပ်တွေထက် တိတ်ဆိတ်တဲ့နေရာတွေကို ပိုပြီးသဘောကျလာတယ်

ပွဲတော်တွေနဲ့ စည်ကားနေတဲ့အရပ်ထက် တောတောင်တွေနဲ့ စိမ်းလန်းနေတဲ့အရပ်ကို ခရီးထွက်ရတာကို ​ကြိုက်တယ် ကိုယ်တွေးချင်ရာတွေးပြီး ကိုယ်ငေးချင်တာ ငေးပိုင်ခွင့်ရှိတဲ့အရပ်တွေလေ အဖော်ပါမှ ဘယ်သူနဲ့မှ ဘယ်သူရှိမှ မဟုတ်တော့ဘူး ဘယ်သူမှ မရှိလေ ပိုပြီး လွတ်လပ်လေပဲ ။

အရမ်းကို နာကျင်ရတဲ့ရက်တွေဆို မကိုင်ချင်တဲ့ ဖုန်းတွေကို မခေါ်ဖြစ်တော့ဘူး စာနာပါဆိုပြီး ဘယ်လိုပဲ ရင်ဖွင့်ရင်ဖွင့် တချို့ဒဏ်ရာတွေက လူတိုင်းနားလည်အောင် ရှင်းပြလို့မရဘူးလေ ကိုယ်ကိုယ်တိုင်ခံစားဖူးမှ နားလည်တတ်ကြတာ ဒီအတွက် ဘယ်သူ့ကိုမှ ကိုယ်နာကျင်နေပါလို့ မပြောဖြစ်တော့ဘူး

ဖုန်းပိတ်ပြီးပဲဖြစ်ဖြစ် မီးတွေ ပိတ်ပြီးပဲဖြစ်ဖြစ် တစ်ယောက်တည်း တိတ်တိတ်လေး ကြေကွဲနေရတာကိုပဲ ပိုပြီး နှစ်ခြိုက်ပါတယ် အဆင်ပြေလားလို့မေးတဲ့အခါ အဆင်ပြေပါတယ်ဆိုတဲ့စကားလုံးလေးနဲ့ မုသာဝါဒတွေ ကျူးလွန်ပစ်လိုက်တယ် ရင်ဘတ်ထဲကိုမှ မမြင်နိုင်တာ ကိုယ်အဆင်ပြေပါတယ်လို့ပြောလဲ ယုံတာပါပဲ ။

တစ်ယောက်တည်းနေရင်း အထီးကျန်တတ်လာတယ်ဆိုတာထက် တစ်ယောက်တည်းနေရင်း ပျော်မွေ့တတ်လာတာပါ အယုံလွယ်တတ်တဲ့ကိုယ့်ကို အလိမ်အညာတွေနဲ့ နာကျင်စေမယ့်လူတွေ အဝေးမှာ တဖြေးဖြေး ပျော်မွေ့တတ်လာပါ

ဒါ​တွေကြောင့် ကျွန်မ တစ်ယောက်တည်းဖြစ်နေတဲ့အခါ အထီးကျန်နေလားဆိုတဲ့ မေးခွန်းတွေ မမေးပါနဲ့ ကျွန်မ တစ်ယောက်တည်းဆိုလဲ ပျော်အောင် နေတတ်ပါတယ် ဘယ်သူမှ ဒဏ်ရာတွေ မပေးနိုင်တဲ့အရပ်က တွယ်တာတတ်တဲ့ကျွန်မအတွက် ပိုပြီး အဆင်ပြေတယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

စိတ္ရႈပ္ေထြးေနတဲ့အခါ တစ္ေယာက္တည္း တိတ္တိတ္ေလးေနရတာကို သေဘာက်တယ္ နားလည္ေပးပါဆိုၿပီး ဘယ္သူ႔ကိုမွ ရင္ဖြင့္မျပခ်င္သလို ဘယ္သူနဲ႔မွ လဲ မျငင္းခုန္ခ်င္ဘူး တိတ္ဆိတ္ၿငိမ္သက္တဲ့အရပ္မွာ တစ္ေယာက္တည္း ရပ္ေနရတာကိုပဲ ျဖစ္ျဖစ္ ဘယ္သူမွ မရွိတဲ့အရပ္မွာ ငိုေႂကြးေနရတာကိုပဲ ျဖစ္ျဖစ္ ကြၽန္မ သေဘာက်တယ္

အခ်ိန္ေတြအမ်ားႀကီးမွာ တစ္ေယာက္တည္းျဖတ္သန္းလာရတာေတြၾကာလာေတာ့ လူၾကားသူၾကားဆို သိပ္ၿပီးလဲ မသြားတတ္ မသြားခ်င္လာေတာ့ဘူး လူမ်ားတဲ့အရပ္ေတြထက္ တိတ္ဆိတ္တဲ့ေနရာေတြကို ပိုၿပီးသေဘာက်လာတယ္

ပြဲေတာ္ေတြနဲ႔ စည္ကားေနတဲ့အရပ္ထက္ ေတာေတာင္ေတြနဲ႔ စိမ္းလန္းေနတဲ့အရပ္ကို ခရီးထြက္ရတာကို ​ႀကိဳက္တယ္ ကိုယ္ေတြးခ်င္ရာေတြးၿပီး ကိုယ္ေငးခ်င္တာ ေငးပိုင္ခြင့္ရွိတဲ့အရပ္ေတြေလ အေဖာ္ပါမွ ဘယ္သူနဲ႔မွ ဘယ္သူရွိမွ မဟုတ္ေတာ့ဘူး ဘယ္သူမွ မရွိေလ ပိုၿပီး လြတ္လပ္ေလပဲ ။

အရမ္းကို နာက်င္ရတဲ့ရက္ေတြဆို မကိုင္ခ်င္တဲ့ ဖုန္းေတြကို မေခၚျဖစ္ေတာ့ဘူး စာနာပါဆိုၿပီး ဘယ္လိုပဲ ရင္ဖြင့္ရင္ဖြင့္ တခ်ိဳ႕ဒဏ္ရာေတြက လူတိုင္းနားလည္ေအာင္ ရွင္းျပလို႔မရဘူးေလ ကိုယ္ကိုယ္တိုင္ခံစားဖူးမွ နားလည္တတ္ၾကတာ ဒီအတြက္ ဘယ္သူ႔ကိုမွ ကိုယ္နာက်င္ေနပါလို႔ မေျပာျဖစ္ေတာ့ဘူး

ဖုန္းပိတ္ၿပီးပဲျဖစ္ျဖစ္ မီးေတြ ပိတ္ၿပီးပဲျဖစ္ျဖစ္ တစ္ေယာက္တည္း တိတ္တိတ္ေလး ေၾကကြဲေနရတာကိုပဲ ပိုၿပီး ႏွစ္ၿခိဳက္ပါတယ္ အဆင္ေျပလားလို႔ေမးတဲ့အခါ အဆင္ေျပပါတယ္ဆိုတဲ့စကားလုံးေလးနဲ႔ မုသာဝါဒေတြ က်ဴးလြန္ပစ္လိုက္တယ္ ရင္ဘတ္ထဲကိုမွ မျမင္ႏိုင္တာ ကိုယ္အဆင္ေျပပါတယ္လို႔ေျပာလဲ ယုံတာပါပဲ ။

တစ္ေယာက္တည္းေနရင္း အထီးက်န္တတ္လာတယ္ဆိုတာထက္ တစ္ေယာက္တည္းေနရင္း ေပ်ာ္ေမြ႕တတ္လာတာပါ အယုံလြယ္တတ္တဲ့ကိုယ့္ကို အလိမ္အညာေတြနဲ႔ နာက်င္ေစမယ့္လူေတြ အေဝးမွာ တေျဖးေျဖး ေပ်ာ္ေမြ႕တတ္လာပါ

ဒါ​ေတြေၾကာင့္ ကြၽန္မ တစ္ေယာက္တည္းျဖစ္ေနတဲ့အခါ အထီးက်န္ေနလားဆိုတဲ့ ေမးခြန္းေတြ မေမးပါနဲ႔ ကြၽန္မ တစ္ေယာက္တည္းဆိုလဲ ေပ်ာ္ေအာင္ ေနတတ္ပါတယ္ ဘယ္သူမွ ဒဏ္ရာေတြ မေပးႏိုင္တဲ့အရပ္က တြယ္တာတတ္တဲ့ကြၽန္မအတြက္ ပိုၿပီး အဆင္ေျပတယ္ေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း