အတွေးတွေကို ဂရုစိုက်ပါ

တစ်ယောက်တည်း နေတဲ့အခါ . . . အတွေးတွေကို ဂရုစိုက်ပါ

အတိတ်ကို ပြန်ပြန်ပြေးပြီး နာစရာတွေချည်းပဲ ပြန်ပြန်အမှတ်ရနေတတ်တဲ့လူ့အကျင့်ကလဲ ခက်တယ် ။ ကိုယ် ဘယ်တုန်းက ဘယ်လိုပျော်ခဲ့ ကြည်နူးခဲ့ရတာဆိုတဲ့ အမှတ်တရတွေ ကိုယ်နာခဲ့ ကိုယ်ခံခဲ့ရတဲ့ နာကျင်မှုတွေလောက်သာ ပိုပြီး သတိရတတ်ကြတယ်လေ ။

အဆင်မပြေတဲ့အရာလေး တစ်စကို ဆွဲထုတ်ပြီး မနက်က နဲနဲလေးအဆင်မပြေတဲ့အရာကို တစ်ရက်လုံး ဆက်တွေးပြီး တစ်နေ့လုံးကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတတ်တာလဲ ခက်တယ် ။ တစ်ယောက်တည်းနေတဲ့အခါ အတွေးတွေကို ဂရုစိုက်ပါဆိုတာမျိုးက . . . တကယ် အရေးကြီးလို့ ပြောတာပါ ။ လူအများကြီးနဲ့ အဆင်ပြေအောင်နေဖို့ခက်တယ်ဆိုတာထက် ကိုယ်တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် ပျော်အောင်မနေတတ်တာက ပိုပြီး ခက်ပါတယ် ။

စိတ်ဓာတ်ကျတာတွေ ၀မ်းနည်းအားငယ်တာတွေ စတဲ့ အတွေးတွေက ကိုယ်တစ်ယောက်တည်း ရှိတဲ့အခါ ခေါင်းထဲ ပိုပြီး ၀င်လာတတ်တာမျိုးလေ ။ တစ်ခါတစ်ရံ ဘာအကြောင်းပြချက်မှ မရှိပဲ ၀မ်းနည်းနေတာမျိုး ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရည်မှန်းချက် ပျောက်နေတာမျိုးတွေ ခံစားလာရတဲ့အခါ . . . အတွေးတွေကို ပိုပြီး ဂရုစိုက်ဖို့လိုနေတာမှန်း ကိုယ်ကိုယ်တိုင် သတိပြုမိဖို့လိုတယ် ။

ဖြစ်နိုင်ရင်တော့ ဘာမှ မတွေးနဲ့ ။ တကယ်လို့ တွေးမိခဲ့ရင်တောင် Nagative တွေချည်း မတွေးမိဖို့ လိုလိမ့်မယ် ။ လူဆိုတာကလဲ ခက်တယ် ကိုယ်ပျော်ခဲ့ ကြည်နူးခဲ့ဖူးတဲ့ အချိန်တွေထက် ကိုယ်နာကျင်ခဲ့ရတဲ့ အတိတ်တွေကိုပဲ ပိုပြီးအမှတ်ရနေတတ်တာမျိုးလေ ။

ငါ ဘယ်တုန်းက ဘယ်သူနဲ့ ပျော်ခဲ့တာဆိုတာမျိုး ငါ ဘယ်သူနဲ့ ဘယ်လို ပျော်အောင်နေမယ်ဆိုတဲ့ အတွေးမျိုးတွေထက် ဘယ်သူက ငါ့ကို ဘယ်လို နာကျင်အောင်လုပ်ခဲ့တာ အဲ့တုန်းက သူက ဘယ်လိုစကားလုံးမျိုးတွေ လုပ်ရပ်မျိုးတွေနဲ့ နာကျင်စေခဲ့တာဆိုတဲ့ nagative ချည်းတွေကိုပဲ ပြန်ပြီး သတိရနေတတ်တာလေ ။ ပုဆိန်က မေ့ပေမယ့် သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲဆိုတဲ့စကားနဲ့ ပြန်ချေပဖို့တွေးတဲ့အခါ ကိုယ်ကိုယ်တိုင်က . . . သစ်ပင်တစ်ပင်မဟုတ်ပဲ သက်ရှိတစ်ယောက်မှန်း ပြန်ပြီး အမှတ်ရနေဖို့လိုတယ် ။

စိတ်က လူက ဆောင်တာမျိုးလေ ။ အဲ့တာကိုတကယ် လက်ခံယုံကြည်တယ်ဆိုရင် . . .အများနဲ့ နေတဲ့အခါ စကားတွေကို ဂရုစိုက်ရသလို တစ်ယောက်တည်းနေတဲ့အခါ အတွေးတွေကို ဂရုစိုက်ဖို့ လိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ေယာက္တည္း ေနတဲ့အခါ . . . အေတြးေတြကို ဂ႐ုစိုက္ပါ

အတိတ္ကို ျပန္ျပန္ေျပးၿပီး နာစရာေတြခ်ည္းပဲ ျပန္ျပန္အမွတ္ရေနတတ္တဲ့လူ႔အက်င့္ကလဲ ခက္တယ္ ။ ကိုယ္ ဘယ္တုန္းက ဘယ္လိုေပ်ာ္ခဲ့ ၾကည္ႏူးခဲ့ရတာဆိုတဲ့ အမွတ္တရေတြ ကိုယ္နာခဲ့ ကိုယ္ခံခဲ့ရတဲ့ နာက်င္မႈေတြေလာက္သာ ပိုၿပီး သတိရတတ္ၾကတယ္ေလ ။

အဆင္မေျပတဲ့အရာေလး တစ္စကို ဆြဲထုတ္ၿပီး မနက္က နဲနဲေလးအဆင္မေျပတဲ့အရာကို တစ္ရက္လုံး ဆက္ေတြးၿပီး တစ္ေန႔လုံးကိုယ့္ကိုယ္ကိုယ္ ဒုကၡေပးတတ္တာလဲ ခက္တယ္ ။ တစ္ေယာက္တည္းေနတဲ့အခါ အေတြးေတြကို ဂ႐ုစိုက္ပါဆိုတာမ်ိဳးက . . . တကယ္ အေရးႀကီးလို႔ ေျပာတာပါ ။ လူအမ်ားႀကီးနဲ႔ အဆင္ေျပေအာင္ေနဖို႔ခက္တယ္ဆိုတာထက္ ကိုယ္တစ္ေယာက္တည္း ကိုယ့္အေတြးနဲ႔ကိုယ္ ေပ်ာ္ေအာင္မေနတတ္တာက ပိုၿပီး ခက္ပါတယ္ ။

စိတ္ဓာတ္က်တာေတြ ၀မ္းနည္းအားငယ္တာေတြ စတဲ့ အေတြးေတြက ကိုယ္တစ္ေယာက္တည္း ရွိတဲ့အခါ ေခါင္းထဲ ပိုၿပီး ၀င္လာတတ္တာမ်ိဳးေလ ။ တစ္ခါတစ္ရံ ဘာအေၾကာင္းျပခ်က္မွ မရွိပဲ ၀မ္းနည္းေနတာမ်ိဳး ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ရည္မွန္းခ်က္ ေပ်ာက္ေနတာမ်ိဳးေတြ ခံစားလာရတဲ့အခါ . . . အေတြးေတြကို ပိုၿပီး ဂ႐ုစိုက္ဖို႔လိုေနတာမွန္း ကိုယ္ကိုယ္တိုင္ သတိျပဳမိဖို႔လိုတယ္ ။

ျဖစ္ႏိုင္ရင္ေတာ့ ဘာမွ မေတြးနဲ႔ ။ တကယ္လို႔ ေတြးမိခဲ့ရင္ေတာင္ Nagative ေတြခ်ည္း မေတြးမိဖို႔ လိုလိမ့္မယ္ ။ လူဆိုတာကလဲ ခက္တယ္ ကိုယ္ေပ်ာ္ခဲ့ ၾကည္ႏူးခဲ့ဖူးတဲ့ အခ်ိန္ေတြထက္ ကိုယ္နာက်င္ခဲ့ရတဲ့ အတိတ္ေတြကိုပဲ ပိုၿပီးအမွတ္ရေနတတ္တာမ်ိဳးေလ ။

ငါ ဘယ္တုန္းက ဘယ္သူနဲ႔ ေပ်ာ္ခဲ့တာဆိုတာမ်ိဳး ငါ ဘယ္သူနဲ႔ ဘယ္လို ေပ်ာ္ေအာင္ေနမယ္ဆိုတဲ့ အေတြးမ်ိဳးေတြထက္ ဘယ္သူက ငါ့ကို ဘယ္လို နာက်င္ေအာင္လုပ္ခဲ့တာ အဲ့တုန္းက သူက ဘယ္လိုစကားလုံးမ်ိဳးေတြ လုပ္ရပ္မ်ိဳးေတြနဲ႔ နာက်င္ေစခဲ့တာဆိုတဲ့ nagative ခ်ည္းေတြကိုပဲ ျပန္ၿပီး သတိရေနတတ္တာေလ ။ ပုဆိန္က ေမ့ေပမယ့္ သစ္ပင္ကေတာ့ ဘယ္ေမ့ပါ့မလဲဆိုတဲ့စကားနဲ႔ ျပန္ေခ်ပဖို႔ေတြးတဲ့အခါ ကိုယ္ကိုယ္တိုင္က . . . သစ္ပင္တစ္ပင္မဟုတ္ပဲ သက္ရွိတစ္ေယာက္မွန္း ျပန္ၿပီး အမွတ္ရေနဖို႔လိုတယ္ ။

စိတ္က လူက ေဆာင္တာမ်ိဳးေလ ။ အဲ့တာကိုတကယ္ လက္ခံယုံၾကည္တယ္ဆိုရင္ . . .အမ်ားနဲ႔ ေနတဲ့အခါ စကားေတြကို ဂ႐ုစိုက္ရသလို တစ္ေယာက္တည္းေနတဲ့အခါ အေတြးေတြကို ဂ႐ုစိုက္ဖို႔ လိုတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း