တွယ်တာတတ်တဲ့ ကျွန်မ

ကျွန်မတွယ်တာတတ်တဲ့အကျင့်ကို ဖျောက်ပစ်မှ ရတော့မယ် ဘ၀မှာ ခဏ အလည်လာတဲ့ ဧည့်သည်အရမ်းများတယ်လေ လိုတုန်း ခဏသာ လာတဲ့ လူတွေပေါ့

ကိုယ်က တွယ်တာတတ်တဲ့အခါ ထွက်မသွားရင်ပြီးရောဆိုပြီး အရာရာ အသင့်အနေအထားမှာ ရှိနေခဲ့တာ နောက်ဆုံး ကိုယ့်မှာ သူတို့လိုချင်တာ မရှိတော့တဲ့အခါထားသွားတာက ထားသွားတာပါပဲ

မာနတွေ ခဝါချပြီးတော့လဲ ဆွဲထားဖို့လဲ ကြိုးစားခဲ့ဖူးတယ် ကိုယ့်ချစ်သူမှ မဟုတ်ပါဘူး ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေကိုကအစ အနားကနေ ဘယ်သူ့ကိုမှ ထွက်မသွားစေချင်ဘူး တစ်ခုခုကိုဆို သာမန်ထက်ပိုပြီး စွဲလန်းတတ်တယ်လေ

အဲ့ဒီအကျင့်ကြောင့်ပဲ (အဲ့ဒီစိတ်ကြောင့်ပဲ)မကြာခဏဆိုသလို ဆုံးရှုံးခဲ့ရတယ်အချိန်တွေ မျက်ရည်တွေ အများကြီးပဲ အဆိုးဆုံးကတော့ စိတ်ပေါ့

ကိုယ့်မှာ ခဏခဏ နာကျင်ရတာများတော့ နောက်ထပ် ထပ်ပြီး နာကျင်မှာစိုးတဲ့စိတ်နဲ့ မယုံကြည်ရဲတော့ဘူး ပြီးတော့ မတွယ်တာရဲတော့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မတြယ္တာတတ္တဲ့အက်င့္ကို ေဖ်ာက္ပစ္မွ ရေတာ့မယ္ ဘ၀မွာ ခဏ အလည္လာတဲ့ ဧည့္သည္အရမ္းမ်ားတယ္ေလ လိုတုန္း ခဏသာ လာတဲ့ လူေတြေပါ့

ကိုယ္က တြယ္တာတတ္တဲ့အခါ ထြက္မသြားရင္ၿပီးေရာဆိုၿပီး အရာရာ အသင့္အေနအထားမွာ ရွိေနခဲ့တာ ေနာက္ဆုံး ကိုယ့္မွာ သူတို႔လိုခ်င္တာ မရွိေတာ့တဲ့အခါထားသြားတာက ထားသြားတာပါပဲ

မာနေတြ ခဝါခ်ၿပီးေတာ့လဲ ဆြဲထားဖို႔လဲ ႀကိဳးစားခဲ့ဖူးတယ္ ကိုယ့္ခ်စ္သူမွ မဟုတ္ပါဘူး ကိုယ့္သူငယ္ခ်င္း မိတ္ေဆြေတြကိုကအစ အနားကေန ဘယ္သူ႔ကိုမွ ထြက္မသြားေစခ်င္ဘူး တစ္ခုခုကိုဆို သာမန္ထက္ပိုၿပီး စြဲလန္းတတ္တယ္ေလ

အဲ့ဒီအက်င့္ေၾကာင့္ပဲ (အဲ့ဒီစိတ္ေၾကာင့္ပဲ)မၾကာခဏဆိုသလို ဆုံးရႈံးခဲ့ရတယ္အခ်ိန္ေတြ မ်က္ရည္ေတြ အမ်ားႀကီးပဲ အဆိုးဆုံးကေတာ့ စိတ္ေပါ့

ကိုယ့္မွာ ခဏခဏ နာက်င္ရတာမ်ားေတာ့ ေနာက္ထပ္ ထပ္ၿပီး နာက်င္မွာစိုးတဲ့စိတ္နဲ႔ မယုံၾကည္ရဲေတာ့ဘူး ၿပီးေတာ့ မတြယ္တာရဲေတာ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း