နာကျင်နေရဲ့နဲ့ ခဏလောက် ဆက်ပြီး ဆွ​ဲထားပါရစေဦး

နာကျင်နေပါတယ်လို့ပြောပြီး လွှတ်ချဖို့ခက်နေမိတာက ကိုယ်ကိုယ်တိုင်ပါ …ကိုယ် လက်လွှတ်လိုက်တာနဲ့ တကယ်ကို အဝေးဆုံးရောက်သွားမယ်ဆိုတာမှန်း သေသေချာချာသိနေခဲ့လို့ သေသေချာချာကို နာကျင်နေရဲ့နဲ့ ဆုပ်ကိုင်ထားဖြစ်တာ ။

နီးပြီးသားသူနဲ့ မဝေးချင်ဘူး ကိုယ်တွယ်တာရတဲ့သူနဲ့ သူစိမ်းတွေ မဖြစ်ချင်ဘူး အဲ့ဒီအတွေးကပဲ ကျွန်မကို အများကြီးနာကျင်စေခဲ့တာမှန်း တဖြေးဖြေး ရိပ်မိလာခဲ့တယ် ။ တကယ်ဆို ကိုယ့်အပေါ် စာနာမှုမရှိတဲ့သူတွေကို ကိုယ်လဲပြန်မတွယ်တာခဲ့ရဘူးလေ ။

ရော့ ပတ္တမြား ရော့နဂါးတဲ့ သူက မေတ္တာထားမှ ကိုယ်ကလ​ဲ မေတ္တာထားမယ်ဆိုတဲ့ စိတ်မျိုး ရှိချင်တယ် ဒါပေမယ့် မရှိခဲ့နိုင်ဘူး ။ အနီးဆုံးလူတွေကို သူစိမ်းတွေအဖြစ် လွမ်းနေရမှာမျိုး ကျွန်မ မလိုချင်သေးဘူး ။ အဓိကကတော့ ကိုယ့်အချစ်ဆုံးသူကို ကိုယ်ပြန်မုန်းလိုက်ရတဲ့အထိ သတ္တိတွေ မရှိခဲ့သေးဘူး ။

မနေချင်မှန်းသိရဲ့နဲ့ တဲ့ … မဟုတ်ဘူး အချိန်တစ်ခုရောက်လာတဲ့အခါ နေပျော်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးထားပြီး လွှတ်မချရက်သေးပါ တကယ်သာ သူမပျော်တော့မှန်းသိရင် ကျွန်မ ရင်တွေ နာရပါစေ ရင်နာနာနဲ့ လက်လွှတ်ပေးခဲ့မိမှာပါပဲ ။

ခုတော့ … ဖြစ်နိုင်ပါသေးတယ်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးထားပြီး သူချစ်နိုင် မချစ်နိုင် မသေချာပေမယ့် ကိုယ်သိပ်ချစ်တာသေချာတဲ့ သူ့ကို နာကျင်နေရဲ့နဲ့ ခဏလောက် ဆက်ပြီး ဆွ​ဲထားပါရစေဦး … တစ်နေ့ သူ နေလို့ပျော်လာမှာပါဆိုတဲ့ မျှော်လင့်ချက် ရေးရေးလေးနဲ့ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

နာက်င္ေနပါတယ္လို႔ေျပာၿပီး လႊတ္ခ်ဖို႔ခက္ေနမိတာက ကိုယ္ကိုယ္တိုင္ပါ …ကိုယ္ လက္လႊတ္လိုက္တာနဲ႔ တကယ္ကို အေဝးဆုံးေရာက္သြားမယ္ဆိုတာမွန္း ေသေသခ်ာခ်ာသိေနခဲ့လို႔ ေသေသခ်ာခ်ာကို နာက်င္ေနရဲ႕နဲ႔ ဆုပ္ကိုင္ထားျဖစ္တာ ။

နီးၿပီးသားသူနဲ႔ မေဝးခ်င္ဘူး ကိုယ္တြယ္တာရတဲ့သူနဲ႔ သူစိမ္းေတြ မျဖစ္ခ်င္ဘူး အဲ့ဒီအေတြးကပဲ ကြၽန္မကို အမ်ားႀကီးနာက်င္ေစခဲ့တာမွန္း တေျဖးေျဖး ရိပ္မိလာခဲ့တယ္ ။ တကယ္ဆို ကိုယ့္အေပၚ စာနာမႈမရွိတဲ့သူေတြကို ကိုယ္လဲျပန္မတြယ္တာခဲ့ရဘူးေလ ။

ေရာ့ ပတၱျမား ေရာ့နဂါးတဲ့ သူက ေမတၱာထားမွ ကိုယ္ကလ​ဲ ေမတၱာထားမယ္ဆိုတဲ့ စိတ္မ်ိဳး ရွိခ်င္တယ္ ဒါေပမယ့္ မရွိခဲ့ႏိုင္ဘူး ။ အနီးဆုံးလူေတြကို သူစိမ္းေတြအျဖစ္ လြမ္းေနရမွာမ်ိဳး ကြၽန္မ မလိုခ်င္ေသးဘူး ။ အဓိကကေတာ့ ကိုယ့္အခ်စ္ဆုံးသူကို ကိုယ္ျပန္မုန္းလိုက္ရတဲ့အထိ သတၱိေတြ မရွိခဲ့ေသးဘူး ။

မေနခ်င္မွန္းသိရဲ႕နဲ႔ တဲ့ … မဟုတ္ဘူး အခ်ိန္တစ္ခုေရာက္လာတဲ့အခါ ေနေပ်ာ္လာမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးထားၿပီး လႊတ္မခ်ရက္ေသးပါ တကယ္သာ သူမေပ်ာ္ေတာ့မွန္းသိရင္ ကြၽန္မ ရင္ေတြ နာရပါေစ ရင္နာနာနဲ႔ လက္လႊတ္ေပးခဲ့မိမွာပါပဲ ။

ခုေတာ့ … ျဖစ္ႏိုင္ပါေသးတယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေသးေသးေလးထားၿပီး သူခ်စ္ႏိုင္ မခ်စ္ႏိုင္ မေသခ်ာေပမယ့္ ကိုယ္သိပ္ခ်စ္တာေသခ်ာတဲ့ သူ႔ကို နာက်င္ေနရဲ႕နဲ႔ ခဏေလာက္ ဆက္ၿပီး ဆြ​ဲထားပါရေစဦး … တစ္ေန႔ သူ ေနလို႔ေပ်ာ္လာမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ေရးေရးေလးနဲ႔ပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း