ပထမတစ်ယောက်ကို အရမ်းတွေ ချစ်နေခဲ့ရင် ကျွန်မကိုလဲ အရမ်းချစ်ပြခဲ့တဲ့ပုံစံမျိုးတွေ မလုပ်ခဲ့သင့်ဘူးလေ

ကျွန်မက ဒုတိယလူ ….ကျွန်မ မှာ အရမ်းချစ်ရတဲ့လူရှိတယ် သူလည်းကျွန်မကို အရမ်းချစ်တယ်နောကျတဈယောကျကိုလည်းသူကအရမ်းချစ်တယ်တဲ့ကျွန်မ ကဒုတိယလူပါ တကယ်လို့ ပထမတစ်ယောက်ကို အရမ်းတွေ ချစ်နေခဲ့ရင် ကျွန်မကိုလဲ အရမ်းချစ်ပြခဲ့တဲ့ပုံစံမျိုးတွေ မလုပ်ခဲ့သင့်ဘူးလေ

အချစ်ရေးမှာ ဒုတိယလူတွေက ကံကောင်းကြတယ်တဲ့ ကျွန်မကတော့ ကံမကောင်းခဲ့ဘူး ပထမလူကို အရမ်းချစ်ရဲ့သားနဲ့ ဘာကြောင့် ကျွန်မကို ချစ်ခဲ့သေးလဲ စဉ်းစားလို့မရခဲ့ဘူး ဘယ်သူကို ရွေးချယ်မလဲမေးတော့ မသိဘူးတဲ့ နှစ်ယောက်စလုံးကို အရမ်းချစ်တယ် တဲ့ ဒီစကားတွေကြားခဲ့တုန်းက ကျွန်မ အံ့သြခဲ့မိတယ် တစ်ဖက်သားကို ငဲ့ညှာတတ်ဖို့မတွေးပဲ သူ့အတွက်ပဲ တွေးနေတဲ့ အတ္တတွေကို ကျွန်မ သိပ်ကြောက်သွားခဲ့တယ်

ရယ်ရတယ်နော် ငါးစိမ်းလဲလိုချင် ငါးကင်လဲ ဝါးချင်နဲ့ အခုတော့ ကျွန်မ လှည့်ထွက်ခဲ့ပါပြီ ကျွန်မ တန်ဖိုးတွေ အဲ့လောက်မမဲ့ဘူးလေ ။ မျက်ရည်တွေနဲ့ ထွက်မသွားပါနဲ့လို့ တောင်းပန်ရလောက်တဲ့အထိ ကျွန်မ မာနတွေ မမဲ့ချင်ဘူး ။ ကျွန်မဟာ တစ်စုံတစ်ယောက်အတွက် အရွေးချယ်ခံ မဖြစ်ချင်ဘူးလေ ။

ကျွန်မက သူ့အတွက် ဒုတိယလူတဲ့ … နှစ်ဦးလုံးကို လက်မလွှတ်ပဲ နှစ်ယောက်စလုံးစီက မေတ္တာတွေ ခံယူချင်နေတဲ့ သူ့ကိုတော့ အံ့သြမိတယ် ။ ပထမလူကိုသာ သိပ်ချစ်ခဲ့ရင် ကျွန်မကို ဒုတိယအနေနဲ့ ချစ်တယ် မပြောခဲ့သင့်ဘူးလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မက ဒုတိယလူ ….

ကြၽန္မ မွာ အရမ္းခ်စ္ရတဲ့လူရွိတယ္ သူလည္းကြၽန္မကို အရမ္းခ်စ္တယ္ေနာက်တဈေယာက်ကိုလည္းသူကအရမ္းခ်စ္တယ္တဲ့ကြၽန္မ ကဒုတိယလူပါ တကယ္လို႔ ပထမတစ္ေယာက္ကို အရမ္းေတြ ခ်စ္ေနခဲ့ရင္ ကြၽန္မကိုလဲ အရမ္းခ်စ္ျပခဲ့တဲ့ပုံစံမ်ိဳးေတြ မလုပ္ခဲ့သင့္ဘူးေလ

အခ်စ္ေရးမွာ ဒုတိယလူေတြက ကံေကာင္းၾကတယ္တဲ့ ကြ်န္္မကေတာ့ ကံမေကာင္းခဲ့ဘူး ပထမလူကို အရမ္းခ်စ္ရဲ႕သားနဲ႕ ဘာေၾကာင့္ ကြ်န္မကို ခ်စ္ခဲ့ေသးလဲ စဥ္းစားလုိ့မရခဲ့ဘူး ဘယ္သူကို ေရြးခ်ယ္မလဲေမးေတာ့ မသိဘူးတဲ့ ႏွစ္ေယာက္စလံုးကို အရမ္းခ်စ္တယ္ တဲ့ ဒီစကားေတြၾကားခဲ့တုန္းက ကြၽန္မ အံ့ၾသခဲ့မိတယ္ တစ္ဖက္သားကို ငဲ့ညႇာတတ္ဖို႔မေတြးပဲ သူ႔အတြက္ပဲ ေတြးေနတဲ့ အတၱေတြကို ကြၽန္မ သိပ္ေၾကာက္သြားခဲ့တယ္

ရယ္ရတယ္ေနာ္ ငါးစိမ္းလဲလုိခ်င္ ငါးကင္လဲ ၀ါးခ်င္နဲ႕ အခုေတာ့ ကြ်န္မ လွည့္ထြက္ခဲ့ပါျပီ ကြ်န္မ တန္ဖိုးေတြ အဲ့ေလာက္မမဲ့ဘူးေလ ။ မ်က္ရည္ေတြနဲ႔ ထြက္မသြားပါနဲ႔လို႔ ေတာင္းပန္ရေလာက္တဲ့အထိ ကြၽန္မ မာနေတြ မမဲ့ခ်င္ဘူး ။ ကြၽန္မဟာ တစ္စုံတစ္ေယာက္အတြက္ အေ႐ြးခ်ယ္ခံ မျဖစ္ခ်င္ဘူးေလ ။

ကြၽန္မက သူ႔အတြက္ ဒုတိယလူတဲ့ … ႏွစ္ဦးလုံးကို လက္မလႊတ္ပဲ ႏွစ္ေယာက္စလုံးစီက ေမတၱာေတြ ခံယူခ်င္ေနတဲ့ သူ႔ကိုေတာ့ အံ့ၾသမိတယ္ ။ ပထမလူကိုသာ သိပ္ခ်စ္ခဲ့ရင္ ကြၽန္မကို ဒုတိယအေနနဲ႔ ခ်စ္တယ္ မေျပာခဲ့သင့္ဘူးေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း