အဆက်ဟောင်းကို မမေ့နိုင်သေးရင် ကျွန်မလက်ကိုလွှတ်လိုက်တာ အကောင်းဆုံးပါ
အဆက်ဟောင်းကို မမေ့နိုင်သေးရင် ကျွန်မလက်ကိုလွှတ်လိုက်တာ အကောင်းဆုံးပါ
ညီမလေးတစ်ယောက်ရင်ဖွင့်လာတယ်သူနဲ့လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်မှာ အရင်က ၅ နှစ်ကျော်တွဲခဲ့တဲ့ အဆက်ဟောင်းရှိခဲ့တယ်တဲ့ ။ အဆက်ဟောင်းပုံကိုလည်း တက်တူးထိုးထားတယ်တဲ့ ။ အဆက်ဟောင်းက သူ့ကိုထားပြီးတခြားကောင်းလေးနဲ့တွဲသွားလို့ စိတ်ညစ်နေတဲ့အချိန် ညီမနဲ့တွေ့ပြီး မကြာခင်လက်ထပ်လိုက်ကြတာတဲ့ ။
ခုက သူက တိုက်ဆိုင်မှုရှိတိုင်း အဆက်ဟောင်းကို သတိရရနေတော့ ညီမလည်း တစ်ခါတစ်လေ သူ့ကို ဖြောင်းဖြပါတယ် ။ ဒါပေမယ့် ရင်ထဲတော့ မကောင်းဘူးပေါ့တဲ့ ။ ညီမ ဘယ်လိုနေရမလဲတဲ့
သူ့ကို သေချာမေးလိုက်ပါအဆက်ဟောင်းကို မမေ့နိုင်ရင် ကျွန်မလက်ကို လွှတ်လိုက်ပါလို့
ရှင့်ခန္ဓာကိုယ်ကြီးက ကျွန်မဘေးနေပြီး စိတ်က အဆက်ဟောင်းဆီရောက်နေတာ ကျွန်မလည်း မခံစားနိုင်ဘူးလို့ ။ ရှင်ကျွန်မကို တကယ်ချစ်တယ်ဆိုရင် ကျွန်မနဲ့အတူ ဘ၀ခရီးရှေ့ဆက်သွားမယ်ဆိုရင် ရှင့်အဆက်ဟောင်းပုံတက်တူးကို ဖျက်ပြီး သူ့ကို မေ့ပေးပါလို့ ။ ရှင်သူ့ကို မမေ့နိုင်သေးရင်တော့ ကျွန်မလက်ကို လွှတ်ပေးပါလို့ . . . .
မိန်းမသားတစ်ယောက်ရဲ့ ရင်ဖွင့်သံ