မူလနေရာပဲ ရပ်နေလိုက်တာ ပိုကောင်းပါတယ်

မကောင်းတာလုပ်ပြီး ကြီးပွားချမ်းသာနေတဲ့လူတွေကိုကြည့်ပြီး အားမကျနဲ့ အတိတ်ဘ၀က ​ကောင်းတဲ့ကံကြောင့် ယခုလက်ရှိဘ၀မှာ မကောင်းလည်း အကျိုးပေးကောင်းနေတာပါ

အတိတ်ကံကုန်သွားတဲ့အခါ ခွေးကျ၀က်ကျ ကျတတ်တယ် အဲ့တာကြောင့် အားမကျနဲ့ ရိုးသားတဲ့လူတွေက ဘ၀မှာ ခက်ခက်ခဲခဲ ရှင်သန်ရတယ်လို့လဲ တစ်ဖက်သတ်ကြီး မတွေးပါနဲ့ ရိုးသားကြိုးစားပြီး အောင်မြင်တိုးတက်သွားတဲ့လူတွေလဲ တစ်ပုံကြီး ရှိပါတယ်

ရိုးသားတဲ့လူတွေရဲ့ဘ၀က ခိုးစားပြီးတက်လာတဲ့ လူတွေရဲ့ဘ၀လောက်တော့ ဘယ်ဖြောင့်ဖြူးမလဲ နဖူးက ချွေး ခြေမ ကျတဲ့အထိ နေ့မအားညမနား ပင်ပင်ပန်းပန်း ကြိုးစားရတယ် လိုချင်တာတွေ ရှိလာခဲ့တဲ့အခါတောင် မတတ်နိုင်မှန်းသိလို့ မလိုချင်ယောင်ဆောင်ကြရတယ်

တစ်ခါတစ်ရံ လောကဓံထိုးချက်တွေအောက်မှာ အလဲလဲအကွဲကွဲ နဲ့ မနည်းထရပ်ရတယ်ရိုးသားလို့ မနိမ့်ကျပါဘူး ကိုယ့်ရဲ့ ရိုးသားခြင်းတွေ ဘယ်သူမှ မသိချင်နေပါ ကံက သိပါတယ် ရိုးသားပါ ကြိုးစားပါ ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ် လျှောက်ပါ

မကောင်းတာ လုပ်ပြီး ချမ်းသာဖို့ဆိုတာ လွယ်ပါတယ် ဒါပေမယ့် လိပ်ပြာသန့်သန့် ပျော်နိုင်ပါ့မလား သူတစ်ပါး မသထာရေစာကို စားပြီး မြိုကျနိုင်ပါ့မလား ကိုယ်ကတော့ အမြင့်ကို တက်ဖို့ ကြိုးစားနေတာ မှန်ပေမယ့် ဘယ်ဘ၀ကိုမှ နင်းပြီးမတက်ဘူး သူ့တစ်ပါးဘ၀ကို နင်းပြီးတက်မှ အမြင့်ရောက်မယ်ဆိုရင် မူလနေရာပဲ ရပ်နေလိုက်တာ ပိုကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မေကာင္းတာလုပ္ၿပီး ႀကီးပြားခ်မ္းသာေနတဲ့လူေတြကိုၾကည့္ၿပီး အားမက်နဲ႔ အတိတ္ဘ၀က ​ေကာင္းတဲ့ကံေၾကာင့္ ယခုလက္ရွိဘ၀မွာ မေကာင္းလည္း အက်ိဳးေပးေကာင္းေနတာပါ

အတိတ္ကံကုန္သြားတဲ့အခါ ေခြးက်၀က္က် က်တတ္တယ္ အဲ့တာေၾကာင့္ အားမက်နဲ႔ ႐ိုးသားတဲ့လူေတြက ဘ၀မွာ ခက္ခက္ခဲခဲ ရွင္သန္ရတယ္လို႔လဲ တစ္ဖက္သတ္ႀကီး မေတြးပါနဲ႔ ႐ိုးသားႀကိဳးစားၿပီး ေအာင္ျမင္တိုးတက္သြားတဲ့လူေတြလဲ တစ္ပုံႀကီး ရွိပါတယ္

႐ိုးသားတဲ့လူေတြရဲ႕ဘ၀က ခိုးစားၿပီးတက္လာတဲ့ လူေတြရဲ႕ဘ၀ေလာက္ေတာ့ ဘယ္ေျဖာင့္ျဖဴးမလဲ နဖူးက ေခြၽး ေျခမ က်တဲ့အထိ ေန႔မအားညမနား ပင္ပင္ပန္းပန္း ႀကိဳးစားရတယ္ လိုခ်င္တာေတြ ရွိလာခဲ့တဲ့အခါေတာင္ မတတ္ႏိုင္မွန္းသိလို႔ မလိုခ်င္ေယာင္ေဆာင္ၾကရတယ္

တစ္ခါတစ္ရံ ေလာကဓံထိုးခ်က္ေတြေအာက္မွာ အလဲလဲအကြဲကြဲ နဲ႔ မနည္းထရပ္ရတယ္႐ိုးသားလို႔ မနိမ့္က်ပါဘူး ကိုယ့္ရဲ႕ ႐ိုးသားျခင္းေတြ ဘယ္သူမွ မသိခ်င္ေနပါ ကံက သိပါတယ္ ႐ိုးသားပါ ႀကိဳးစားပါ ကိုယ့္လမ္းေၾကာင္းအတိုင္း ကိုယ္ ေလွ်ာက္ပါ

မေကာင္းတာ လုပ္ၿပီး ခ်မ္းသာဖို႔ဆိုတာ လြယ္ပါတယ္ ဒါေပမယ့္ လိပ္ျပာသန္႔သန္႔ ေပ်ာ္ႏိုင္ပါ့မလား သူတစ္ပါး မသထာေရစာကို စားၿပီး ၿမိဳက်ႏိုင္ပါ့မလား ကိုယ္ကေတာ့ အျမင့္ကို တက္ဖို႔ ႀကိဳးစားေနတာ မွန္ေပမယ့္ ဘယ္ဘ၀ကိုမွ နင္းၿပီးမတက္ဘူး သူ႔တစ္ပါးဘ၀ကို နင္းၿပီးတက္မွ အျမင့္ေရာက္မယ္ဆိုရင္ မူလေနရာပဲ ရပ္ေနလိုက္တာ ပိုေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း