သူပြောင်းလဲမလာရင် ကိုယ်ပြောင်းလဲဖို့ တွေးပါ

သူပြောင်းလဲမလာရင် ကိုယ်ပြောင်းလဲလိုက်ပါ ။ လူတစ်ယောက် ပြောင်းလဲလာဖို့ဆိုတာ ကိုယ့်ဘက်က ပြောင်းလဲပေးချင်စိတ်ရှိရုံတစ်ခုတည်းနဲ့ ဖြစ်တာ မဟုတ်ပါဘူး ကိုယ်ပြောင်းလဲပေးချင်တဲ့သူမှာလဲ သူ့ကိုယ်သူ ပြောင်းလဲ ချင်စိတ်လေးရှိဦးမှ ပြောင်းလဲပေးလို့ ရတာပါ ။ လူတစ်ယောက် ပြောင်းလဲဖို့အချိန်ဘယ်လောက်ကြာတတ်လဲ ဆိုတဲ့မေးခွန်းတွေလဲ မေးဖို့မလိုပါဘူး လူတစ်ယောက်မှာ အချိန်မြန်မြန်ပြောင်းလဲ ပေးလို့ရတဲ့ အကျင့်ဆိုတာ ရှိသလို ပြောင်းလဲပေးလို့မရတဲ့ ဗီဇဆိုတာလည်းရှိပါတယ် ။ တစ်ခါတစ်လေ ကိုယ်က ဗီဇကို အကျင့်ကြီး မှတ်ပြီး ပြောင်းလဲဖို့ကြိုးစားရင် အချိန်တွေ ကုန်သွားတတ်ပါတယ်။ တကယ်လို့ အချိန်တန်လို့မှ သူ့ဘက်က ပြောင်းလဲ မလာရင် ကိုယ့်ဘက် စပြီးပြောင်းလဲလိုက်ပါ ။ လူ …ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပေမယ့် ကိုယ် ကြိုးစားပြီး ပြုပြင်လို့မရတဲ့အရာတွေ အများကြီးရှိတာကို သဘောပေါက်ပါ ။ တစ်ခါတစ်ရံ ကျွန်မတို့က … Read more

ကျွန်မက အိမ်မှာ အလတ်မ

အလတ် . . . . မိသားစုတစ်ခုမှာ အလတ် ဆိုတဲ့လူတွေ နာမည်အတိုင်းပါပဲ မေတ္တာတွေ လစ်လပ်ခြင်းတွေ ခံခဲ့ကြတယ် ။ အကြီးအပေါ် အလိုက်သိရပြီး အငယ်အပေါ် အလိုလိုက်ရတဲ့ လူတွေလေ ။ အလတ် သာမန်သားသမီးတွေထက် ပိုပြီးလည်း သိတတ်ကြသလို ပိုပြီးလဲ နားလည်တတ်ကြတယ် ဒါပေမယ့် တခြားသူတွေလိုတော့ သဲသဲလှုပ် အချစ်မခံရဘူးပေါ့ ။ အကြီးကို သိတတ်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ အငယ်ကို အလိုလိုက်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ ကိုယ်ဆန္ဒတွေ ရှိလာတဲ့အခါတောင် နှစ်ဦးနှစ်ဖက်ကို မျှပြီးကြည့်ရတဲ့ လူမျိုးလေ ။ ဦးစားပေးခံ လူတန်းစားထဲမှာ မပါတတ်ဘူးပေါ့ ။ သည်းသည်းလှုပ် အချစ်ခံရတဲ့ ကံလဲ မပါဘူးလေ ။ လစ်လပ်နေတဲ့ နေရာတိုင်းကို … Read more